Friday, June 1, 2018

မားကို့စ်ဆေးလ်ဗားအား အဲဗာတန်အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ရန် နီးစပ်နေ

Image may contain: 1 person
အဲဗာတန်အသင်းသည် ဝက်ဖို့ဒ်အသင်းနည်းပြဟောင်း မားကို့စ်ဆေးလ်ဗားအား နည်းပြသစ် အဖြစ် ခန့်အပ်ရန် နီးစပ်နေပြီဖြစ်ပြီး လာမည့်တစ်ပတ်အတွင်း တရားဝင်ကြေညာမည်ဖြစ်ကြောင်း သိရသည်။
အဲဗာတန်အသင်းသည် နည်းပြ ဆမ်အလာဒွိုက်စ်အား ခြောက်လကြာ တာဝန်ယူကိုင်တွယ် စေခဲ့ပြီးနောက် နည်းပြအဖြစ်မှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။ ယင်းသို့ ထုတ်ပယ်ခဲ့ပြီးသည့် အချိန်ကတည်းက အဲဗာတန်အသင်းပိုင်ရှင် မိုရှီရီက အသက် ၄ဝ အရွယ်ရှိ ပေါ်တူဂီနိုင်ငံသား မားကို့စ်ဆေးလ်ဗားအား ခေါ်ယူရန်ပစ်မှတ်ထားနေခဲ့ခြင်းဖြစ်သည်။
အဲဗာတန်အသင်း၏ အားကစားဒါရိုက်တာသစ်တစ်ဦးဖြစ်သည့် မာဆယ်ဘရန်းသည် လည်း ဇွန် ၁ ရက်တွင် အဲဗာတန်အသင်းနှင့်အတူ စတင်တာဝန်ထမ်းဆောင်မည် ဖြစ်သည်။
မားကို့စ်ဆေးလ်ဗားသည် ဇန်နဝါရီလအတွင်းက ဝက်ဖို့ဒ်အသင်း၏ ထုတ်ပယ်ခြင်းကို ခံခဲ့ရကာ လေးလကြာ အသင်းလက်မဲ့ဖြစ်နေခဲ့သူဖြစ်ပြီး လက်ရှိတွင် အဲဗာတန် အသင်းနည်းပြ အဖြစ် ဘောလုံးလောကထဲသို့ ပြန်လည်ဝင်ရောက်လာတော့မည်ဖြစ်သည်။
ငွေကြယ်

No comments:

Post a Comment