Friday, June 1, 2018

လက်နက်နှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

Image may contain: food and outdoor
နေပြည်တော် မေ ၃၁
မူးယစ်တပ်ဖွဲ့စု(၂) မြစ်ကြီးနားမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မေ ၃ဝ ရက် မွန်းလွဲ ၁ နာရီက ဝိုင်းမော်မြို့နယ် ရွှေညောင်ပင် ကျေးရွာ ဝိုင်းမော်-ဗန်းမော်သွား ကားလမ်းနှင့် ရွှေညောင်ပင်-တာ လောကြီးသွားကားလမ်း လမ်းဆုံထိပ် ၌ မနှင်းနှင်းအေးကို ရှာဖွေရာ ဘိန်းဖြူဆပ်ပြာခွက် ၄၄ ခွက် (အလေးချိန် ၄၈၄ ဂရမ်)၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၅၈၃၉ ပြား၊ ငွေကျပ် ၉ဝဝဝဝ နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို လည်းကောင်း၊ ထို့အတူ မေ ၂၅ ရက် မွန်းတည့် ၁၂ နာရီတွင် တပ်မတော်က လားရှိုးမြို့နယ် မန်ဆာပန်ဝကျေးရွာအနီး နယ်မြေ ရှင်းလင်းစဉ် တဲနှစ်လုံးအားတွေ့ရှိပြီး အရပ်ဝတ်ဖြင့် လူခြောက်ဦးမှာ တဲ အတွင်းမှထွက်ပြေးသွား၍ ဆက်လက် ရှာဖွေရာ တဲအနီးရှိ ဒေါင်ဖန်းဖော ယာဉ်အတွင်းမှ အောင်မြတ်(ခ)အားတီအား လည်းကောင်း၊ တဲ အတွင်းမှ အိုက်စ် တစ်ကီလို၊ ဆူဒို အက်ဖီဒရင်းအမှုန့် ၇ ဒသမ ၅ ကီလို၊ ဟိုက်ဒရိုကလိုရစ်အက်စစ် ၅၅ လီတာ၊ ဆိုဒီယမ်ဟိုက်ဒရောဆိုက် ကီလို ၁၅ဝဝ၊ အက်စစ်တစ်အင်ဟိုက်ဒရိုက် လီတာ ၄ဝ၊ သိုင်အိုနိုင်းကလိုရိုက် အရည် ၁၆ လီတာ၊ တာတာရစ် အက်စစ်အမှုန့် ကီလို ၂ဝ၊ အရောင် ဆိုးဆေးအမှုန့် လေးကီလို၊ ဆား ၄ဝဝ ကီလို၊ ပလတ်စတစ် ကပ်ခွာအိတ်ငယ် ၁၆၂၅ဝ ၊ အမြင့် လေးပေခန့်ရှိ ဂက်(စ်)အိုးအကြီး အလုံး ၄ဝ၊ ဂက် (စ်)အိုးအလတ် ၃၂ လုံး၊ အမြင့် သုံးပေခန့်ရှိ ဂက်(စ်)အိုး အသေး ၁၉ လုံး၊ မီးစက်တစ်လုံး၊ မော်တာတပ်ဆင် ထားသည့် မွှေစက်တစ်လုံး၊ ပလတ် စတစ်အိတ် ပိတ်စက်တစ်လုံး၊ ဓာတ်ခွဲ ခန်းသုံး ခေါင်းစွပ်လေးခု၊ အခြောက်ခံ သံဇလား သုံးခု၊ ပွိုင့် ၂၂ မောင်းပြန် ရိုင်ဖယ်တစ်လက်၊ ကျည်အိမ်တစ်ခု၊ ပွိုင့် ၂၂ ကျည် ရှစ်တောင့်၊ အမ်-၂၂ ကျည် ၄၃ တောင့်၊ အမ်-၂၂ ကျည်အိမ် (အရှည်)နှစ်ခု၊ အမ်-၂၂ ကျည်အိမ် (အတို)တစ်ခု၊ လက်ပစ် ဗုံးတစ်လုံး၊ အီကွေးမင့်တစ်စုံနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါး များဆိုင်ရာ ဥပဒေအရ အရေးယူ ထားကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment