Monday, June 4, 2018

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ဘူးသီးတောင်ဒေသခံပြည်သူများနှင့် တွေ့ဆုံ

Image may contain: 6 people, people sitting, people standing, table and indoor

ဘူးသီးတောင် ဇွန် ၃
မောင်တောမြို့၌ ရောက်ရှိနေသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၈ နာရီတွင် ဘူးသီးတောင်မြို့ ဦးဥတ္တမခန်းမ၌ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ၊ ရပ်မိရပ်ဖ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်အစိုးရ၏ နှစ် နှစ်တာ ကာလ ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြရန် လာရောက်ရခြင်းဖြစ်ပါ ကြောင်း၊ ဆောင်ရွက်ချက်များ၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများ၏ အားနည်းချက်၊ အားသာချက်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးအကြံပြု စေလိုပါကြောင်း၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များကို အပြုသဘောဆောင်၍ အကြံပြု ဆွေးနွေးစေလိုပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးအလေးထား ဆောင်ရွက် ပေးလျက်ရှိနေပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ခြင်း၏ အကျိုး ရလဒ် အသီးအပွင့်များကို ဒေသခံပြည်သူများ လက်တွေ့ခံစားနေကြရပြီ ဖြစ်ပါ ကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုး မွေးမြူရေးစသည့် အခြေခံအဆောက်အဦများ ဖွံ့ဖြိုးရန်လိုအပ်ပါကြောင်း။
တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးပါကြောင်း၊ အလားတူ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးသည် အဓိကအရေးပါသည့် အခန်းကဏ္ဍတစ်ရပ် ဖြစ်ပါ ကြောင်း၊ ဒေသတွင်းတည်ငြိမ်အေးချမ်းမှသာ ဒေသဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း။
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုစနစ် ပီပြင်စွာပေါ်ပေါက်လာစေရန် အစွမ်းကုန် ကြိုးပမ်းအားထုတ်လုပ်ဆောင်ကြရမည် ဖြစ်ပါကြောင်း၊ ထိုသို့ လုပ်ဆောင်ကြရာတွင် တစ်ဦးတစ်ယောက်တည်း၊ အဖွဲ့အစည်းတစ်ရပ်တည်း ဖြင့် လုပ်ဆောင်၍မရဘဲ အများပြည်သူဝိုင်းဝန်းလုပ်ဆောင်ကြမှသာ အောင်မြင် မည်ဖြစ်ပါကြောင်း၊ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြန်အလှန်လေးစားမှု၊ ယုံကြည်မှုများဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းက မြို့နယ်ဆိုင်ရာ အချက်အလက်များ၊ မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြ သည်။
ယင်းနောက် တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်၊ ဦးကျော်လွင်၊ ဒေါက်တာချမ်းသာနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း ၍ ပေါင်းစပ်ညှိနှိုင်းပေးသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘူးသီးတောင်မြို့နယ် စံဂိုးထောင်ကျေးရွာရှိ သုံးဆယ့်တစ်ဘုံစေတီတော်မြတ်ကြီးသို့ ရောက်ရှိပြီး အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။
ထို့နောက် စေတီတော်ဓမ္မာရုံ၌ စံဂိုးထောင်ကျေးရွာရှိ ဒေသခံပြည်သူ များနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ပေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဖုံညိုလိပ်ကျေးရွာအဝင်လမ်း တည်ဆောက်မည့် အခြေအနေများနှင့် သရက်ပြင်ကျေးရွာ မူလတန်းကျောင်း ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
သတင်းစဉ်

No comments:

Post a Comment