Tuesday, June 26, 2018

အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ သေနတ်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်

Image may contain: 4 people, people standing and indoor
ရန်ကုန် ဇွန် ၂၅
၂ဝ၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် သေနတ်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့ညနေ ၃ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် မြန်မာနိုင်ငံသေနတ်ပစ်အားကစားအဖွဲ့ချုပ် အပြည်ပြည် ဆိုင်ရာသေနတ်ပစ်ကွင်း၌ ကျင်းပသည်။
ပြိုင်ပွဲအပြီးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားနှင့်ကာယပညာ(သိပ္ပံ) ရန်ကုန် ကျောင်းအုပ်ကြီး (ညွှန်ကြားရေးမှူး) ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ တနင်္သာရီတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်၊ မြန်မာနိုင်ငံ သေနတ်ပစ်အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်မိုးဝင်းနှင့် မြန်မာနိုင်ငံ သေနတ်ပစ် အားကစားအဖွဲ့ချုပ်မှ အလုပ်အမှုဆောင်များက ၁ဝ မီတာ လေပစ္စတို အမျိုးသား၊ အမျိုးသမီး(လူသစ်တန်း)ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ၊ ၁ဝ မီတာ လေရိုင်ဖယ် အမျိုးသား၊ အမျိုးသမီး(လူသစ်တန်း)ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ၊ ၁ဝ မီတာ လေပစ္စတို အမျိုးသား၊ အမျိုးသမီး (အလွတ်တန်း) ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ၊ ၁ဝ မီတာ လေရိုင်ဖယ် အမျိုးသား၊ အမျိုးသမီး (အလွတ်တန်း) ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ကြေးမုံ

No comments:

Post a Comment