Thursday, June 21, 2018

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် မြောက်ကိုရီးယားခေါင်းဆောင်တို့မြို့တော်ပေကျင်း၌ တွေ့ဆုံဆွေးနွေး

Image may contain: 4 people, people smiling, people standing
ပေကျင်း ဇွန် ၂ဝ
တရုတ်နိုင်ငံသို့ ရောက်ရှိနေသော မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်သည် တရုတ်သမ္မတရှီကျင့်ဖျင်နှင့် မြို့တော်ပေကျင်းရှိ ပြည်သူ့မဟာခန်းမဆောင်ကြီး၌ ဇွန် ၁၉ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဇွန် ၂ဝ ရက်တွင် သတင်းထုတ်ပြန် သည်။
ခေါင်းဆောင်ကြီးကင်သည် မတ်လနောက်ပိုင်း တတိယအကြိမ်အဖြစ် သမ္မတရှီနှင့် တွေ့ဆုံဆွေးနွေး ခဲ့သည်။ ကင်၏ခရီးစဉ်မှာ နှစ်ရက်ကြာမြင့်ခဲ့ပြီး ဇွန် ၂ဝ ရက်တွင် ခရီးစဉ်ပြီးဆုံးခဲ့သည်။
လွန်ခဲ့သည့်ရက်သတ္တပတ်က စင်ကာပူ၌ ကျင်းပ ခဲ့သော ထိပ်သီးဆွေးနွေးပွဲတွင် အမေရိကန်နှင့် မြောက် ကိုရီးယားခေါင်းဆောင်တို့က ကိုရီးယားကျွန်းဆွယ်၌ အဏုမြူလက်နက်ဖျက်သိမ်းရေး လုပ်ဆောင်သွားကြရန် သဘောတူညီခဲ့ကြသည်။ သို့ရာတွင် အဏုမြူလက်နက် ဖျက်သိမ်းရေးလုပ်ဆောင်ရန် နည်းလမ်းနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှု ရှိနေကြဆဲဖြစ်သည်။
အဏုမြူလက်နက်ကင်းရှင်းရေး လုပ်ငန်းစဉ်ကို အဆင့်လိုက်လုပ်ဆောင်ရန် မြောက်ကိုရီးယားက လိုလား ပြီး အဏုမြူကင်းမဲ့ဇုန် ထူထောင်နိုင်သည်အထိ ဒဏ်ခတ် ပိတ်ဆို့မှုများ ဆက်လက်ပြုလုပ်သွားရန် အမေရိကန်က လိုလားသည်။
အင်န်အိတ်ခ်ျကေ

No comments:

Post a Comment