
ယနေ့ ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး (၁၈) ရက်မြောက်နေ့တွင် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ အစီရင်ခံစာတစ်ခု ဖတ်ကြားခြင်း၊ အဆိုများ၊ မေးခွန်းများ နှင့်စပ်လျဉ်းသည့် အစီရင်ခံစာကို ဆွေးနွေးခြင်းနှင့် အတည်ပြုချက်ရယူခြင်းတို့ကို ဆောင်ရွက်ကြသည်။
ရေစကြိုမြို့နယ်တွင် ရေတိုက်စားကမ်းပြိုမှုမှ ကာကွယ်နိုင်ရန် ဆောင်ရွက်ပေးသွားမည်
မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁ဝ)မှ ဒေါက်တာကျော်ငွေ၏ မကွေးတိုင်းဒေသကြီး ရေစကြို မြို့နယ်တွင် ပါဝင်သော ဧရာဝတီမြစ်ကမ်းဘေးမှ မြေတော်၊ နေရင်း၊ ဆင်တဲနှင့် နွယ်နီအုပ်စုရှိ ကျေးရွာများ ဧရာဝတီ မြစ်ရေတိုက်စားခံနေရသဖြင့် ကိုယ်ထူကိုယ်ထ ရေကာတာ များ တည်ဆောက်နေကြရာ နိုင်ငံတော်မှ ငွေအားနှင့် နည်းပညာပံ့ပိုးမှုတို့ အမြန်ပေးနိုင်ခြင်း ရှိ၊ မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက မကွေးတိုင်းဒေသ ကြီး ရေစကြိုမြို့နယ်တွင်ပါဝင်သော ဧရာဝတီမြစ်ကမ်း ဘေးမှ မြေတော်၊ နေရင်း၊ ဆင်တဲနှင့် နွယ်နီကျေးရွာများ ရေတိုက်စားကမ်းပြိုမှုမှ ကာကွယ်နိုင်ရန် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ငွေကျပ်သန်း ၃၅ဝ အား မကွေးတိုင်း ဒေသကြီးအစိုးရ၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ၌ ပထမ ဦးစားပေးအဖြစ် ထည့်သွင်းလျာထားပြီး ဖြစ်ပါကြောင်းနှင့် ရန်ပုံငွေရရှိပါက ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လုပ်ငန်းအကောင်အထည် ဖော် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
အားကစားနှင့် ကာယသိပံ္ပကျောင်းဆင်းပြီး ဘွဲ့တစ် ခုခုရရှိပြီးပါက အလယ်တန်းပြ(ကာယ) ဆရာများ အဖြစ် ခေါ်ယူသည့်အချိန်တွင် လျှောက်ထားနိုင်
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကိုကိုနိုင်၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အတွင်း ရန်ကုန်-မန္တလေးမြို့ကြီးများ အပါအဝင် မြို့ကြီး ခြောက်မြို့တွင် ဖွင့်လှစ်ထားသည့် အားကစားနှင့် ကာယသိပ္ပံ ကျောင်းများတွင် အားကစားနှင့်ပတ်သက်သည့် ပညာရပ် များကို သုံးနှစ်တာ စာတွေ့လက်တွေ့ သင်ကြားခဲ့ပြီးသည့် အားကစားနှင့် ကာယသိပ္ပံကျောင်းဆင်းများကို တစ်နိုင်ငံ လုံးရှိ အခြေခံပညာအလယ်တန်းကျောင်းများနှင့် အထက် တန်းကျောင်းများတွင် လိုအပ်လျက်ရှိသည့် ကာယဆရာ များအဖြစ် ခန့်အပ်ပေးသွားရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အခြေခံ ပညာဦးစီးဌာနရှိ အခြေခံပညာမူလတန်းကျောင်းများတွင် မူလတန်းပြ(ကာယ)သည် ဖွဲ့စည်းပုံတွင် ပါဝင်မှုမရှိ သည့်အတွက် အားကစားနှင့် ကာယပညာသိပ္ပံကျောင်း ဆင်းများအား မူလတန်းပြ(ကာယ)များအဖြစ် ခန့်ထားပေး ၍ မရနိုင်ပါကြောင်း၊ သို့သော် အားကစားနှင့် ကာယပညာ သိပ္ပံ ကျောင်းဆင်းပြီး ဘွဲ့တစ်ခုခု( မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ပထဝီဝင်၊ သမိုင်း) ဘွဲ့ရရှိပြီးပါက ပညာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် မူများနှင့်အညီ အလယ်တန်းပြ(ကာယ) ဆရာများအဖြစ် ခေါ်ယူသည့်အချိန်တွင် လျှောက်ထာ
း နိုင်ပါကြောင်း၊ ဒဂုံတက္ကသိုလ်နှင့် ရတနာပုံတက္ကသိုလ်တို့မှ B.Sc (Sports)ဘွဲ့ရများအား လက်ရှိဘဏ္ဍာနှစ်တွင် ၂၅ဝ အထိ ခန့်ထားနိုင်ရေးကို လုပ်ထုံးလုပ်နည်းနှင့်အညီ စီစဉ်ဆောင်ရွက်နေပါကြောင်း ဖြေကြားသည်။
း နိုင်ပါကြောင်း၊ ဒဂုံတက္ကသိုလ်နှင့် ရတနာပုံတက္ကသိုလ်တို့မှ B.Sc (Sports)ဘွဲ့ရများအား လက်ရှိဘဏ္ဍာနှစ်တွင် ၂၅ဝ အထိ ခန့်ထားနိုင်ရေးကို လုပ်ထုံးလုပ်နည်းနှင့်အညီ စီစဉ်ဆောင်ရွက်နေပါကြောင်း ဖြေကြားသည်။
အလားတူ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးစိုင်းဝမ်းလှိုင်းခမ်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေ၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ နော်ခရစ္စထွန်း (ခ) ဒေါက်တာအားကာမိုးနှင့် မကွေးတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါ်သန်းသန်းအေးတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းတို့က ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် ဗိုလ်မှူးချုပ် တင့်လွင်က ပြည်သူ့လွှတ်တော် က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော စုပေါင်း ပိုင် အဆောက်အအုံဆိုင်ရာ နည်းဥပဒေများနှင့် စပ်လျဉ်း ၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား ရှင်းလင်းသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ယင်း နည်းဥပဒေများအား လွှတ်တော်၏အဆုံးအဖြတ် ရယူ အတည်ပြုသည်။
အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံ ချက်များကို စိစစ်ပေးနိုင်ခြင်းဖြင့် အစိုးရနှင့် လွှတ်တော် အပြန်အလှန် ထိန်းကျောင်းနိုင်မည်
ဆက်လက်၍ အမျိုးသားလွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော်သတ္တမ ပုံမှန်အစည်းအဝေးတွင် တင်သွင်းမေးမြန်းခဲ့သည့် အဆို များ၊ မေးခွန်းများနှင့်စပ်လျဉ်းသည့် အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကျော်စိုးဦး က ကော်မတီသည် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း (၆)ကြိမ် ဆောင်ရွက်ခဲ့သည်ကို ဖော်ပြထားပါကြောင်း၊ ကော်မတီ၏ ဆောင်ရွက်ချက်များနှင့် မြေပြင်ကွင်းဆင်း ဆောင်ရွက်ခြင်းများကို ကြိုဆိုပါကြောင်း၊ သို့မှသာ နိုင်ငံသူ နိုင်ငံသားများ၏ ပကတိအခြေအနေ၊ တွေ့ကြုံနေရသည့် အခက်အခဲများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ လုပ်ငန်းရှင် များ၊ ကုမ္ပဏီများ၏ လုပ်ဆောင်နေမှုများ တွေ့မြင်သိရှိပြီး ပြည်သူတို့၏ အသံကို အမှန်အတိုင်းကြားနိုင်ကာ အစိုးရ ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များကို စိစစ် ပေးနိုင်ခြင်းဖြင့် အစိုးရနှင့်လွှတ်တော် အပြန်အလှန် ထိန်းကျောင်းခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ကော်မတီ၏ ဆောင်ရွက်ချက် အစီရင်ခံစာကိုလည်း ကြိုဆို ပါကြောင်း၊ ဆလုံ တိုင်းရင်းသားများ မျိုးသုဉ်းပျောက်ကွယ်မှု မရှိရေး၊ ထာဝရရှင်သန် ရပ်တည်နိုင်ရေးအတွက် ကော်မတီ၏ အကြံပြုချက်များကိုလည်း ကြိုဆိုပါကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းအစီရင်ခံစာကို တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးခင်မျိုးဝင်း၊ မကွေးတိုင်းဒေသ ကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးခင်ဝင်းနှင့် မကွေးတိုင်းဒေသ ကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးလှဆန်းတို့ကလည်း ဆွေးနွေး ခဲ့ကြသည်။
ထို့နောက် အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံ ချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေက ကော်မတီ၏ အစီရင်ခံစာ ကို သဘောတူလက်ခံရန် အဆိုတင်သွင်းသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ယင်း အစီရင်ခံစာကို အတည်ပြုရန် လွှတ်တော်၏ သဘောထား ရယူရာ လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယ အကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြား ရာတွင် ၂ဝ၁၈ ခုနှစ် မေ ၁၄ ရက်မှ ဇွန် ၂ဝ ရက်အထိ အစည်းအဝေးကျင်းပရက် ၁၈ ရက်အတွင်း အမျိုးသားလွှတ်တော်၏ ဆောင်ရွက်ချက်များအနေဖြင့် မေးခွန်းမေးမြန်းခြင်းကဏ္ဍတွင် လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် ပြည်သူလူထု၏ အကျိုးအလို့ငှာ လွှတ်တော် သို့ ကြယ်ပွင့်ပြမေးခွန်း ၈၆ ခုနှင့် ကြယ်ပွင့်မပြမေးခွန်း ၁၂၄ ခု တို့ကို မေးမြန်းခဲ့ပါကြောင်း၊ လွှတ်တော်ကိုယ်စား လှယ်များ မေးမြန်းသည့် မေးခွန်းများအပေါ် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်များက သက်ဆိုင်ရာ ဝန်ကြီး ဌာန တစ်ခုချင်းအနေဖြင့်လည်းကောင်း၊ ဝန်ကြီးဌာနအချင်း ချင်းပေါင်းစပ်၍လည်းကောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်း၍ လည်းကောင်း လွှတ်တော်တွင် နှုတ်ဖြင့်ဖြေကြားခြင်း၊ စာဖြင့်ပေးပို့ ဖြေကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း။
အဆိုတင်သွင်းခြင်း ကဏ္ဍ
အဆိုတင်သွင်းခြင်း ကဏ္ဍတွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးလှဆန်း၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ နိုင်ငံသူ နိုင်ငံသားများ ဘေးကင်း လုံခြုံသော စားနပ်ရိက္ခာများ ဖူလုံစွာရရှိစေရေးအတွက် ကျေးလက်နေ တောင်သူလယ်သမားများအား ပြည်ထောင်စုအစိုးရမှ အသိပညာ၊ နည်းပညာများ အထောက်အပံ့ အကူအညီပေးပြီးG.A.P pepf (Good Agriculture Practice) နည်းစနစ်ဖြင့် တစ်နိုင်ငံလုံး စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်သို့ တင်သွင်းခဲ့ရာ လွှတ်တော်ကိုယ်စားလှယ် များက ဆွေးနွေးခြင်း၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင် က ပြန်လည်ဖြေရှင်း ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး လွှတ်တော်က အဆိုကို အတည်ပြုခဲ့ပါကြောင်း။
ဥပဒေကြမ်းတင်သွင်းခြင်း ကဏ္ဍ
ဥပဒေကြမ်းတင်သွင်းခြင်းကဏ္ဍအနေဖြင့် အမျိုးသား လွှတ်တော်တွင် စတင်ဆွေးနွေးနိုင်ရန် ပေးပို့ထားသည့် မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အား လွှတ်တော်သို့ အဆိုတင်သွင်းခြင်း၊ ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ အမျိုးသားလွှတ်တော်တွင် စတင် ဆွေးနွေးအတည်ပြုပြီး ပြည်သူ့လွှတ်တော်သို့ ပေးပို့ထား သည့် ဥပဒေကြမ်းများအနက် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးက ဆွေးနွေးအတည်ပြုရာ၌ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသဖြင့် ပြည်ထောင်စု လွှတ်တော်၌ ဆွေးနွေးနိုင်ရန် ပေးပို့ခဲ့ပါကြောင်း။
နိုင်ငံ့ဝန်ထမ်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခဲ့ရာ လွှတ်တော်က ပြည်သူ့လွှတ်တော် ၏ ပြင်ဆင်ချက်အတိုင်း အတည်ပြုခဲ့ပါကြောင်း၊ ယင်း ဥပဒေအား ၂ဝ၁၈ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၆ ဖြင့် နိုင်ငံတော်သမ္မတက လက်မှတ်ရေး ထိုး ထုတ်ပြန်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့ လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခဲ့ရာ လွှတ်တော်က ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း အတည်ပြုခဲ့ပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း အား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့ လာခဲ့ရာ လွှတ်တော်က ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက် အတိုင်း အတည်ပြုခဲ့ပါကြောင်း။
မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း (၂ဝ၁၇ ခုနှစ်) အား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခဲ့ ရာ လွှတ်တော်သို့ အသိပေးပြီး ဆွေးနွေးရန် အမည်စာရင်း တောင်းခံခဲ့ပါကြောင်း၊ ပြည်သူ့လွှတ်တော်တွင် စတင် ဆွေးနွေးအတည်ပြုပြီး အမျိုးသားလွှတ်တော်သို့ ပေးပို့ခဲ့ သည့် ဥပဒေကြမ်းများအနက် မြန်မာသမိုင်းအဖွဲ့ ဥပဒေ ကြမ်းကို ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြား တင်သွင်းပြီး ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း အတည်ပြု၍ ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့ပါကြောင်း၊ ယင်းဥပဒေအား ၂ဝ၁၈ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၅ ဖြင့် နိုင်ငံတော်သမ္မတက လက်မှတ် ရေးထိုး ထုတ်ပြန်ခဲ့ပါကြောင်း။
သစ်တောဥပဒေကြမ်းကို ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြားတင်သွင်းခြင်း၊ လွှတ်တော်ကိုယ်စား လှယ်များက ဆွေးနွေးခြင်းနှင့် အဆုံးအဖြတ်ရယူခြင်းတို့ ကို ဆောင်ရွက်ခဲ့ရာ လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့ပါကြောင်း၊ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ဥပဒေကြမ်းကော်မတီက အစီရင်ခံစာဖတ်ကြားတင်သွင်းပြီး ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း အတည်ပြု၍ ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့ပါကြောင်း၊ ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြားတင်သွင်းပြီး ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း အတည်ပြု၍ ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့ပါကြောင်း။
တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင် သည့် ဥပဒေကြမ်းအား ဥပဒေကြမ်းကော်မတီက အစီရင် ခံစာ ဖတ်ကြားတင်သွင်းပြီး လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကာ ၎င်းတို့၏ ဆွေးနွေးချက်များကို ဥပဒေကြမ်း ကော်မတီသို့ ပြန်လည်ကြားနာနိုင်ရန် ပေးပို့ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆိုင်ရာ ဆေးကောင်စီ ဥပဒေ ကြမ်းကို ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြား တင်သွင်းခြင်း၊ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆွေးနွေးခြင်းနှင့် အဆုံးအဖြတ်ရယူခြင်းတို့ကို ဆောင်ရွက် ခဲ့ရာ လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပြည်သူ့ လွှတ်တော်သို့ ပေးပို့ခဲ့ပါကြောင်း။
အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ဥပဒေကြမ်းကို ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြားပြီး လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးနိုင်ရန် အမည်စာရင်း တောင်းခံခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ ဥပဒေကြမ်းကို ဥပဒေ ကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြားပြီး လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေးနိုင်ရန် အမည်စာရင်း တောင်းခံခဲ့ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်က တင်သွင်းသည့် ဥပဒေကြမ်းများမှာ အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈) (ပြည်တွင်းပြည်ပ အလုပ်သမား ဆိုင်ရာကော်မတီဥက္ကဋ္ဌ) ဦးကျော်ထွေး အဆိုတင်သွင်း ခဲ့သည့် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြားခြင်း၊ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆွေးနွေးခြင်းနှင့် အဆုံးအဖြတ် ရယူအတည်ပြုခဲ့ပြီး ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့ပါကြောင်း။
အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)(တောင်သူ လယ်သမားရေးရာ ကော်မတီဥက္ကဋ္ဌ) ဦးဘမျိုးသိန်း အဆို တင်သွင်းခဲ့သည့် ၂ဝ၁၇ ခုနှစ်၊ မြေသိမ်း ဥပဒေကြမ်းကို ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြားပြီး လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးနိုင်ရန် အမည် စာရင်းတောင်းခံခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ နည်း ဥပဒေများနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်က ပြင်ဆင် ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ နည်းဥပဒေများကို အမျိုးသား လွှတ်တော်၌ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆွေးနွေး ခြင်း၊ အဆုံးအဖြတ်ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပြည်သူ့ လွှတ်တော်သို့ ပေးပို့ခဲ့ပါကြောင်း။
အစီရင်ခံစာ တင်သွင်းခြင်းကဏ္ဍ
အစီရင်ခံစာ တင်သွင်းခြင်းကဏ္ဍတွင် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် တင်သွင်းမေးမြန်းခဲ့သည့် အဆိုများ၊ မေးခွန်းများနှင့်စပ်လျဉ်းသည့် အစီရင်ခံစာကို အမျိုးသား လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ပြီး လွှတ်တော်ကိုယ်စား လှယ်များက အကြံပြုဆွေးနွေးခြင်းနှင့် လွှတ်တော်က အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း။
အမျိုးသားလွှတ်တော်တွင် ဖွဲ့စည်းထားသည့် ကော်မတီများ၏ လွှတ်တော်အစည်းအဝေးကာလအတွင်း ဆောင်ရွက်ခဲ့သည့် ကော်မတီအစည်းအဝေးများမှာ ဥပဒေကြမ်းကော်မတီ ၂၅ ကြိမ်၊ ပြည်သူ့ငွေစာရင်း ကော်မတီ တစ်ကြိမ်၊ လွှတ်တော်အခွင့်အရေးကော်မတီ တစ်ကြိမ်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန် ခံချက်များ စိစစ်ရေးကော်မတီ ကိုးကြိမ်၊ နိုင်ငံတကာ ဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးကော်မတီ လေးကြိမ်၊ အစိုးရမဟုတ်သော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများဆိုင်ရာ ကော်မတီ သုံးကြိမ်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ လေးကြိမ်၊ တိုင်းရင်းသားရေးရာကော်မတီ နှစ်ကြိမ်၊ တောင်သူလယ်သမားရေးရာ ကော်မတီ ခြောက် ကြိမ်၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီ လေးကြိမ်၊ ပညာရေး မြှင့်တင်မှုကော်မတီ လေးကြိမ်၊ ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာကော်မတီ ခြောက်ကြိမ်၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီ ခြောက်ကြိမ်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ခြောက်ကြိမ်၊ ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီ ၁၁ ကြိမ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုး
တိုးတက်ရေးကော်မတီ လေးကြိမ်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင် ဆိုင်ရာကော်မတီ လေးကြိမ် စုစုပေါင်းကော်မတီ အစည်းအဝေး အကြိမ် ၁ဝဝ ပြုလုပ်ခဲ့ပါကြောင်း။
တိုးတက်ရေးကော်မတီ လေးကြိမ်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင် ဆိုင်ရာကော်မတီ လေးကြိမ် စုစုပေါင်းကော်မတီ အစည်းအဝေး အကြိမ် ၁ဝဝ ပြုလုပ်ခဲ့ပါကြောင်း။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအတွက် သုတေသန ပြည်သူ့ဆက်ဆံရေးနှင့် နိုင်ငံတကာဆက်ဆံရေး ဌာနကြီးမှ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေးကာလအတွင်း စာတမ်းတိုသုံးစောင် ထုတ်ဝေခဲ့ပါကြောင်း၊ အမျိုးသားလွှတ်တော်၏ ၂ဝ၁၈ ခုနှစ် မေ ၁၄ ရက်မှ ၂၁ ရက်အထိ လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်း Info Note – Vol (2) စောင်ရေ ၂၃ဝ နှင့် ၂ဝ၁၈ ခုနှစ် မေ ၂၂ ရက်မှ ဇွန် ၆ ရက်အထိ လှုပ်ရှား ဆောင်ရွက်မှုမှတ်တမ်း Info Note – Vol (3)စောင်ရေ ၂၃ဝ တို့ကို ထုတ်ဝေနိုင်ခဲ့ပါကြောင်း။
လွှတ်တော်ကိုယ်စားလှယ် ၆၃ ဦးက သိရှိလိုသည့် သတင်းအချက်အလက် မေးမြန်းခဲ့မှုများအနက် ၄၈ ချက် ကို ရှာဖွေပေးခဲ့ပြီး ဆောင်ရွက်ဆဲ ၁၅ ချက်ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအားလုံး မိမိတို့သက်ဆိုင်ရာ ဒေသအသီးသီးသို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် ပြန်လည်ရောက်ရှိကြပြီး မိမိတို့၏ မဲဆန္ဒရှင် ပြည်သူများ အကျိုး၊ ဒေသ၏အကျိုး၊ နိုင်ငံတော်၏ အကျိုးကို ဆတက် ထမ်းပိုး ထမ်းဆောင်နိုင်ကြပါစေကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယ အကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း ကြေညာသည်။
အောင်ရဲသွင်(သတင်းစဉ်)
No comments:
Post a Comment