Saturday, June 2, 2018

နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးလုပ်ငန်း အထောက်အပံ့ပြုနိုင်ရေး မြန်မာအစိုးရနှင့် ကုလသမဂ္ဂအေဂျင်စီများအကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

Image may contain: 7 people

နေပြည်တော် ဇွန် ၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အကြား ၂ဝ၁၇ ခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည့် ''ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ သွားသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်'' အား အကောင် အထည်ဖော်ရာ၌ မြန်မာနိုင်ငံအစိုးရ၏ ဆောင်ရွက်မှုများ အား အထောက်အကူပြုနိုင်ရန်အတွက် နားလည်မှု စာချွန်လွှာ(MoU)တစ်ရပ်ကို အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်(UNDP)၊ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)တို့အကြား ကနဦး လက်မှတ်တိုရေးထိုးကြသည်။
အဆိုပါ လက်မှတ်တိုရေးထိုးခြင်းအခမ်းအနားကို မေ ၃၁ ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန၌ ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဦးသိန်းဆွေနှင့် ဦးကျော်တင်၊ အဆင့်မြင့်အရာရှိကြီးများ၊ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး (့UNHCR) Representative Mr. Giuseppe de Vincentiis နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်(UNDP) မှDeputy Country Director Ms.Dawn Del Rio တို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဦးသိန်းဆွေနှင့် ဦးကျော်တင်တို့၏ ရှေ့မှောက်၌ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအေးလွင်၊ UNHCR Representative Mr.Giuseppe de Vincentiis နှင့် UNDP မှDeputy Country Director Ms.Dawn Del Rio တို့က မြန်မာနိုင်ငံအစိုးရ၏ ဆောင်ရွက်မှုများကို အထောက်အကူပြုနိုင်ရန်အတွက် နားလည်မှု စာချွန်လွှာ (MoU)အား ကနဦးလက်မှတ်တိုရေးထိုးလဲလှယ်ကြသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်(UNDP)နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံးUNHCR တို့နှင့်အတူ အဆိုပါနားလည်မှုစာချွန်လွှာအား မကြာမီ အပြီးသတ် လက်မှတ်ရေးထိုးနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment