ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ် ဖောင်းရှို၏ဇနီး ဒေါ်မြင့်မြင့်မော်သည်
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်၊ မြို့နယ်
အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေး
စောင့်ရှောက်ရေးအသင်းဝင်များ၊ နိုင်ငံရေး
ပါတီဝင်များ၊ ပညာရေးဌာနမှ တာဝန်ရှိသူ
များနှင့်အတူ ဇွန် ၁၉ ရက်က မယ်စဲ့မြို့နယ်
အတွင်းရှိ ဝေးလံခေါင်ဖျားကျေးရွာများမှ ကျောင်းသား ကျောင်းသူများအတွက် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့လှူဒါန်း
ခဲ့ကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးနှင့်အဖွဲ့ သည် မယ်စဲ့မြို့နယ်အတွင်းရှိ ဝေးလံခေါင်
ဖျားကျေးရွာများဖြစ်သော လမ်းဆုံကျေးရွာ၊ လယ်တောကျေးရွာ၊ ဟိုဂျစ်ကျေးရွာ၊ နန့်ဟူးကျေးရွာ၊ မယ်ဆည်နမ်ကျေးရွာ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများအား ကျောင်းသုံးပစ္စည်း များ ထောက်ပံ့လှူဒါန်းခဲ့သည်။ ထို့နောက် ဟိုဖကျေးရွာနှင့် တောင်လှကျေးရွာမှ
ကျောင်းသား ကျောင်းသူများအတွက်
ကျောင်းသုံးပစ္စည်းများကို ကျေးရွာ
တာဝန်ခံများထံ ပေးအပ်လှူဒါန်းခဲ့သည်။

လယ်တောကျေးရွာမှ ကျောင်းသားမိဘ တစ်ဦးက ''အရင်တုန်းကဆိုရင် ကျွန်မတို့ ရွာဟာ နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိ
သလို လမ်းပန်းဆက်သွယ်ရေးလည်းခက်ခဲ
တယ်၊ အခုတော့ နယ်မြေအေးချမ်းခဲ့ပြီး ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်မှာ နတလဦးစီး
ဌာနက ကျေးရွာချင်းဆက်မြေသားလမ်း ဖောက်လုပ်ပေးခဲ့တဲ့အတွက် လမ်းပန်း
ဆက်သွယ်ရေးလည်း အတော်အသင့်
ကောင်းမွန် လာတယ်၊ အခုလို ဝေးလံခေါင်
သီတဲ့ ကျေးရွာကိုလာရောက်ပြီး အမှန်
တကယ်လိုအပ်နေတဲ့ ကျောင်းသုံးပစ္စည်း
တွေ လာရောက်လှူဒါန်းပေးတဲ့
အတွက် အလွန်ကို ဝမ်းသာပီတိဖြစ်ရပါ တယ်'' ဟု ပြောကြားသည်။

ဝတ်ရည်(ပြန်/ဆက်)
No comments:
Post a Comment