Thursday, June 21, 2018

စီရိုနယ်လ်ဒို၏ သွင်းဂိုးဖြင့် ပေါ်တူဂီ နိုင်ပွဲစတင်ရရှိ

Image may contain: 4 people, outdoor
ပေါ်တူဂီအသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အုပ်စုအဆင့်ဒုတိယ ပွဲစဉ်အဖြစ် မော်ရိုကိုအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ စီရိုနယ်လ်ဒို၏ တစ်လုံးတည်းသောသွင်းဂိုးဖြင့် အနိုင်သုံးမှတ်ရယူနိုင်ခဲ့သည်။
ကမ္ဘာ့ဖလားပြိုင်ပွဲဖွင့်ပွဲကျင်းပခဲ့သည့် လုဇ်နီကီကွင်းကြီးထဲတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ပေါ်တူဂီအသင်းနှင့် မော်ရိုကိုအသင်းတို့၏ ပွဲစဉ်တွင် ပေါ်တူဂီအသင်းသည် ပွဲစပြီး ၄ မိနစ်တွင် သွင်းယူခဲ့သည့် တိုက်စစ်မှူး စီရိုနယ်လ်ဒို၏ သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိ နှစ်ပွဲကစားအပြီးတွင် လေးမှတ်ရယူနိုင်ခဲ့ပြီဖြစ်သည်။
မော်ရိုကိုအသင်းမှာမူ ပြီးခဲ့သည့်ပွဲစဉ်တွင် အီရန်အသင်းကို ရှုံး နိမ့်ခဲ့ရခြင်းကြောင့် နိုင်ပွဲရယူရန်ကြိုးပမ်းခဲ့သော်လည်း စီရိုနယ်လ်ဒို ဦးဆောင်လာသည့် ပေါ်တူဂီအသင်းကို ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိခဲ့ဘဲ ရှုံးပွဲထပ်မံကြုံတွေ့ခဲ့ခြင်းဖြစ်သည်။
တိုက်စစ်မှူးစီရိုနယ်လ်ဒိုမှာ စပိန်အသင်းနှင့်ပွဲစဉ်တွင်လည်း ဟက် ထရစ်သွင်းယူနိုင်ခဲ့ခြင်းကြောင့် ၂ဝ၁၈ ကမ္ဘာ့ဖလားတွင် လေးဂိုး အထိသွင်းယူနိုင်ခဲ့ပြီဖြစ်ပြီး ရွှေဖိနပ်ဆုအတွက်လည်း ရေပန်းစားနေ ခဲ့သည်။ မော်ရိုကိုအသင်းနှင့် ပွဲစဉ်တွင် အနိုင်ဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ခြင်းကြောင့် တိုက်စစ်မှူးစီရိုနယ်လ်ဒိုမှာ ပေါ်တူဂီလက်ရွေးစင်အသင်း နှင့်အတူ သွင်းဂိုး ၈၅ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီလည်းဖြစ်သည်။
ပေါ်တူဂီအသင်းသည် လာမည့်ပွဲစဉ်အဖြစ် အီရန်အသင်းနှင့် လည်းကောင်း၊ မော်ရိုကိုအသင်းသည် စပိန်အသင်းနှင့် လည်းကောင်း ဇွန် ၂၅ ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး မော်ရိုကိုအသင်းမှာ ကမ္ဘာ့ဖလားကို နှုတ်ဆက်ထွက်ခွာရတော့မည်ဖြစ်သည်။
ငွေကြယ်

No comments:

Post a Comment