Monday, June 4, 2018

ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်း ဓာတ်အားပြတ်တောက်မှုလျော့နည်းရေးဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး

Image may contain: one or more people, sky and outdoor

နေပြည်တော် ဇွန် ၃
ရန်ကုန် မြောက်ပိုင်းခရိုင်အတွင်းရှိ ပြည်သူများ လျှပ်စစ်ဓာတ်အား ကောင်းမွန်စွာ သုံးစွဲနိုင်ရေး၊ ဗို့အားစနစ်တည်ငြိမ်မှု ရှိစေရေး၊ ဓာတ်အားပျောက်ဆုံးမှု လျှော့ချ နိုင်ရေးနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် တာဝန် ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက အင်းစိန်မြို့နယ် အတွင်းရှိ မြောက်ပိုင်းခရိုင်ရုံး ခွဲရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေး သည်။
ထိုသို့စစ်ဆေးစဉ် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်နှင့် တာဝန်ရှိသူများက မြောက်ပိုင်းခရိုင်အတွင်း ဓာတ်အား ပြတ်တောက်မှု လျော့နည်းရေး အတွက် ဆောင်ရွက်ထားရှိမှု၊ ဓာတ်အား ဖြန့်ဖြူးပေးထားမှု၊ ဓာတ်အားလိုင်းများ လိုင်းအပြစ် ဖြစ်ပွားမှု လျော့နည်းရေးနှင့် ပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာရရှိရေးအတွက် ဆောင်ရွက် ခဲ့သည့် အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ပြည်ထောင်စုဝန်ကြီးက ပြည်သူ များ လျှပ်စစ်အန္တရာယ်ကင်းရှင်းစွာ ဖြင့် ဗို့အားပြည့်ဝစွာ အသုံးပြုနိုင်ရေး၊ တိုးတက်သုံးစွဲလာမည့် ဓာတ်အား လိုအပ်ချက် အခြေအနေများကို မျှော်မှန်း၍ ကြိုတင်စီမံဆောင်ရွက် ထားရေး၊ နိုင်ငံတော်အတွက် ဝင်ငွေတိုးတက်ရရှိရေးနှင့် ဓာတ်အား ပြတ်တောက်မှု လျော့နည်းရေးအတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရန် မှာကြား၍ လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ၃၃ ကေဗွီမြောင်းတကာ ကြက်ဖြူကန်လိုင်းနှင့် ၃၃ ကေဗွီ မြောင်းတကာ မှော်ဘီလိုင်းများ၏ ဓာတ်အား ဖြန့်ဖြူးပေးထားမှုအခြေ အနေ၊ မြောင်းတကာပင်မဓာတ်အား ခွဲရုံ ထိန်းချုပ်ခန်းအတွင်း ဓာတ်အား ဖြန့်ဖြူးပေးထားမှု အခြေအနေနှင့်Switchyard အတွင်း ၁၅၅ အမ်ဗွီအေ ထရန်စဖော်မာ အသစ်တပ်ဆင်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေ တို့ကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး နှင့် အဖွဲ့သည် လှိုင်သာယာမြို့နယ် ရွှေသံလွင်စက်မှုဇုန်ရှိ Asia General Electric Co.,Ltd. ၏Medium Voltage and Low Voltage Switchgear Panel Factory တွင် ပြုလုပ်သည့် ABB Licensed Products Launching Ceremonyသို့ တက်ရောက် သည်။
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီးက ယခုအချိန်တွင် ABB (Switzerland) မှ Licensed Agreement အား ထိုက်ထိုက် တန်တန် ရရှိခဲ့ပြီးဖြစ်သည့်အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ ABB ၏ နည်းပညာလမ်းညွှန်မှုဖြင့် နိုင်ငံတကာ စံချိန်စံညွှန်းမီ Medium Voltage and Low Voltage Switchgear Panel Product များ ကို ပြည်တွင်း၌ပင် ထုတ်လုပ်နိုင် တော့မည်ဖြစ်သည့်အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ မိမိ တို့ဝန်ကြီးဌာန Training Center သို့ Asia General Electric Co.,Ltd. နှင့် ABB ပူးပေါင်း၍ ABB License ဖြင့် ထုတ်လုပ်ထားသောMedium Voltage Switchgear type Unit Safe အား ပေးအပ်လှူဒါန်းခြင်း အတွက်လည်း ကျေးဇူးတင်ကြောင်း ပြောကြားသည်။
ထို့နောက် Asia General Electric Co.,Ltd. မှ တာဝန်ရှိ သူများက Medium Voltage Switchgear type Uni Safe အား ပြည်ထောင်စုဝန်ကြီးထံ ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment