Thursday, June 28, 2018

မွေးနေ့အမှတ်တရ တေးဗီဒီယိုသစ် စမ်းသပ်ထုတ်လွှင့်ပေးခဲ့တဲ့ အရီရန်နာဂရန်းဒ်

Image may contain: 1 person, closeup
အမေရိကန်ပေါ့ပ်ကြယ်ပွင့် အရီရန်နာဂရန်းဒ်ကတော့ လတ်တလောမှာ ကျရောက်ခဲ့တဲ့ သူ့ရဲ့မွေးနေ့အမှတ်တရအဖြစ် ပရိသတ်တွေကို လက်ဆောင် ပြန်လည်ပေးခဲ့ပါတယ်။ သူ့ရဲ့မွေးနေ့မှာ တေးသီချင်းသစ် ''Raindrops''ရဲ့ တေးဗီဒီယိုကို စမ်းသပ်ထုတ်လွှင့်ပေးခဲ့ကြောင်း အေ့စ်ရှိုးဘစ်ဇ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
အသက် ၂၅ နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ ပေါ့ပ်ကြယ်ပွင့်ဟာ သူ့ရဲ့အင်စတာဂရမ် စာမျက်နှာပေါ်ကနေတစ်ဆင့် ''Raindrops''ရဲ့ အစမ်းတေးဗီဒီယိုကို ထုတ်လွှင့်ပေးခဲ့တာပါ။ ဒါ့အပြင် ဇွန် ၂၆ ရက်မှာ ကျရောက်ခဲ့တဲ့ မွေးနေ့ မှာတော့ အရီရန်နာဂရန်းဒ်ဟာ ချစ်သူသစ် ပီးထ်ဒေးဗစ်ဆန်နဲ့အတူ မွေးနေ့ကို ဖြတ်သန်းခဲ့တာကိုလည်း တွေ့ရပါတယ်။ အရီရန်နာဂရန်းဒ်ရဲ့ မွေးနေ့ အထိမ်းအမှတ်အဖြစ် အမှတ်တရဓာတ်ပုံတွေကိုလည်း သရုပ်ဆောင် ပီးထ်ဒေးဗစ်ဆန်က သူ့ရဲ့ တရားဝင်လူမှုကွန်ရက်မီဒီယာတစ်ခုဖြစ်တဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ ထုတ်ဖော်ပြသခဲ့တာကိုလည်း တွေ့ရပါတယ်။
အေးပြည့်

No comments:

Post a Comment