
အိမ်ရှင်ရုရှားအသင်းနဲ့ အီဂျစ်အသင်းတို့ ဟာ ကမ္ဘာ့ဖလားအုပ်စုအဆင့် ဒုတိယပွဲစဉ် ကို ယှဉ်ပြိုင်ကစားခဲ့ရာမှာ ရုရှားအသင်းက အနိုင်ရရှိခဲ့ပါတယ်။
စိန့်ပီတာစဘတ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ရုရှားအသင်းနဲ့ အီဂျစ်အသင်းတို့ရဲ့ပွဲစဉ်မှာ အီဂျစ်အသင်းက တိုက်စစ်မှူး မိုဟာမက်
ဆာလာ ပါဝင်လာခဲ့တာကြောင့် ပထမပိုင်းမှာ အကြိတ်အနယ်ရှိခဲ့တဲ့အပြင် ဘယ်အသင်းက မှ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။
ဆာလာ ပါဝင်လာခဲ့တာကြောင့် ပထမပိုင်းမှာ အကြိတ်အနယ်ရှိခဲ့တဲ့အပြင် ဘယ်အသင်းက မှ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။
ဒါပေမယ့် ပွဲကစားချိန် ၄၇ မိနစ်မှာတော့ ရုရှားအသင်းဟာ ဖာသိုင်ရဲ့ ကိုယ့်ဂိုးကို ပြန်သွင်းမိသလိုဖြစ်ခဲ့ရာကနေ ရရှိခဲ့တဲ့ ဂိုး ကြောင့် အိမ်ရှင်ရုရှားက အဖွင့်ဂိုးစတင်ရခဲ့ ပါတယ်။
ရုရှားအသင်းဟာ အုပ်စုအဆင့်အဖွင့်ပွဲ စဉ်မှာ ဆော်ဒီအာရေဗျကို အနိုင်ရရှိထားခဲ့ တဲ့အတွက် ယုံကြည်မှုအပြည့်ရှိထားသလို ဦးဆောင်ဂိုးသွင်းယူပြီးနောက်ပိုင်း ချိတ်ဆက် မှုပိုမိုအားကောင်းလာခဲ့ကာ ပွဲကစားချိန် ၅၉ မိနစ်တွင် ချယ်ရီရှက်ဗ်ကလည်းကောင်း၊ ပွဲ ကစားချိန် ၆၂ မိနစ်မှာ ဒိုင်ယူဘာက လည်း ကောင်း အသီးသီးဂိုးယူနိုင်ခဲ့တာကြောင့် မိနစ် ၇ဝ အတွင်း သုံးဂိုးပြတ်နဲ့ ဦးဆောင်ကစားနိုင် ခဲ့ပါတယ်။
အီဂျစ်အသင်းကလည်း ချေပဂိုးရရှိရေး အားထည့်လာခဲ့ပြီး ပွဲကစားချိန် ၇၃ မိနစ်တွင် ပင်နယ်တီပြစ်ဒဏ်ဘောရရှိခဲ့ပြီး အဲဒီ ပင်နယ်တီပြစ်ဒဏ်ဘောကို တိုက်စစ်မှူး ဆာလာက ဂိုးအဖြစ်ပြောင်းလဲပေးနိုင်ခဲ့တာ ကြောင့် ချေပဂိုးတစ်ဂိုးရရှိခဲ့ပါတယ်။
ဒါပေမယ့် အီဂျစ်အသင်းဟာ နောက်ထပ် ချေပဂိုးထပ်မံမသွင်းယူနိုင်ခဲ့တာကြောင့် အိမ် ရှင်ရုရှားအသင်းက အီဂျစ်အသင်းကို သုံးဂိုး- တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ရုရှားအသင်းဟာ ယခုပွဲစဉ်အနိုင်ရရှိခဲ့ တာကြောင့် အုပ်စုအဆင့်နှစ်ပွဲကစားအပြီး မှာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ၁၆ သင်းအဆင့်ကို တက်လှမ်းနိုင်ဖို့အခွင့်သာခဲ့ပြီဖြစ်ပါတယ်။ အီဂျစ်အသင်းကတော့ နှစ်ပွဲကစားအပြီးမှာ နှစ်ပွဲစလုံးရှုံးနိမ့်ခဲ့တာကြောင့် ရမှတ်တစ်မှတ်မှ မရရှိခဲ့ပါဘူး။ ရုရှားဟာ လာမယ့်ပွဲစဉ်အဖြစ် ဥရုဂွေးအသင်းနဲ့ ကစားရမှာဖြစ်ပြီး အီဂျစ် အသင်းကတော့ ဆော်ဒီအာရေဗျအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။
ငွေကြယ်
No comments:
Post a Comment