Friday, June 29, 2018

ကရင်ပြည်နယ် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

Image may contain: one or more people, people sitting and indoor
ဘားအံ ဇွန် ၂၈
ကရင်ပြည်နယ် ဘားအံမြို့တွင် ပြည်နယ်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီနှင့် ခရိုင်၊ မြို့နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ များ၏ (၂/၂ဝ၁၈)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ဇွန် ၂၈ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် က ဇွန် ၂၆ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည့် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ ဆဋ္ဌမအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းညွှန်ကြား သည်။
ထို့နောက် ပြည်နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အတွင်းရေးမှူး ဦးမင်းမင်းက လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများနစ်နာမှုမရှိစေရေး အတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာ များနှင့် သီးခြားမြေယာတိုင်ကြားစာများအပေါ် ဆောင်ရွက် ပြီးစီးမှုအခြေအနေကို လည်းကောင်း၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ၊ နိုင်ငံတော်သမ္မတရုံး၊ ပြည်နယ်အစိုးရ အဖွဲ့နှင့် ပြည်နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီသို့ ပေးပို့သည့် မြေယာတိုင်ကြားစာကိစ္စရပ်များနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကော်မတီဝင် များက ညှိနှိုင်းဆွေးနွေးတင်ပြကြပြီး ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးက အဆင့်ဆင့်သော ကော်မတီဝင်များအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက ပြည်နယ်အစိုးရ အဖွဲ့သို့ တင်ပြကြရန် မှာကြားပြီး ပြည်နယ်လယ်ယာမြေ နှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က နိဂုံးချုပ်အမှာစကားပြောကြား သည်။
ကရင်ပြည်နယ်အတွင်း မြေယာတိုင်ကြားစာအရေ အတွက် အမှုတွဲပေါင်း ၁၈၈ မှုတွင် ၇၉ မှု ဖြေရှင်းဆောင်ရွက် ပြီးဖြစ်ကာ အမှုတွဲပေါင်း ၁ဝ၉ မှု ဖြေရှင်းဆောင်ရွက်ရန် ကျန်ရှိကြောင်း၊ ဝန်ကြီးဌာနများမှ ပြန်လည်စွန့်လွှတ်မြေ အမှုတွဲ ၁၉ မှုတွင် စွန့်လွှတ်သည့် ဧရိယာ ၁၂၄၃ ဒသမ ၅၆ဝ ဧက ရှိကြောင်းနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်လယ်ယာ မြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီများက မူလပိုင်ရှင်နှင့် သက်ဆိုင်သူ များထံ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)

No comments:

Post a Comment