Thursday, June 28, 2018

ကျွဲများတင်ဆောင်လာသောယာဉ် တိမ်းမှောက်၊ လူတစ်ဦးနှင့် ကျွဲသုံးကောင်သေဆုံး

Image may contain: one or more people and outdoor
ညောင်လေးပင် ဇွန် ၂၇
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင် မြို့နယ် ထော်နွတ်ကျေးရွာအနီးတွင် ဇွန် ၂၇ ရက် နံနက် ၁ နာရီခွဲခန့်က ကျွဲများတင်ဆောင်လာသော ယာဉ် တစ်စီး တိမ်းမှောက်၍ လူတစ်ဦးနှင့် ကျွဲသုံးကောင်သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပျို့လုံမေကုမ္ပဏီက ကျွဲအထီးအကောင် ၂ဝ အား တင်ဆောင်ပြီး ဥက္ကံမြို့မှ မူဆယ်၏ မြို့ဘက်သို့ ယာဉ်မောင်း မျိုးမြင့်အောင် ဥက္ကံမြို့နေသူနှင့် ယာဉ်နောက်လိုက် နန်းဦး တစ်မြို့ တည်းနေသူ လိုက်ပါလာသော ၁၂ ဘီးယာဉ်သည် ညောင်လေးပင်မြို့နယ် ထော်နွတ်ကျေးရွာအနီး ရန်ကုန်- မန္တလေးလမ်းဟောင်းမိုင်တိုင်အမှတ် (၁ဝ၅/၄)မိုင်တွင် အရှိန်မထိန်း နိုင်ဘဲ လမ်း၏အနောက်ဘက်သို့ တစောင်းလဲကျ တိမ်းမှောက်ခဲ့သဖြင့် ကျွဲ သုံးကောင်သေဆုံး၍ ကျွဲထိန်း လိုက်လာကြသည့် ဖိုးလပြည့်မှာ ယာဘက်လက်မောင်းကျိုး၊ ဖူးရောင် ဒဏ်ရာရရှိပြီး အီစွတ်မှာ ပျောက်ဆုံးနေသဖြင့် ကားအား ကရိန်းဖြင့် ဆွဲမတင်သည့် အခါ၌ ကားအောက်တွင် အီစွတ်ကို ကားပိ သေဆုံးနေသည်။ ယာဉ်မောင်း မျိုးမြင့်အောင်နှင့် ယာဉ်နောက်လိုက် နန်းဦးတို့မှာ ထွက်ပြေးတိမ်းရှောင် သွားကြောင်း သိရသည်။
သို့ဖြစ်၍ ယာဉ်မောင်းမျိုးမြင့်အောင် ကို ပိန်းဇလုပ်နယ်မြေရဲစခန်းက အမှုဖွင့်ကာ ထွက်ပြေးတိမ်းရှောင်နေ သူများအား အမြန်ဆုံး ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
နေလင်း(ညောင်လေးပင်)

No comments:

Post a Comment