Monday, June 4, 2018

ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း စင်ကာပူတွင် ကျင်းပသည့် (၁၇)ကြိမ်မြောက် အာရှလုံခြုံရေးဆိုင်ရာ ထိပ်သီးအစည်းအဝေး တက်ရောက် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ရခိုင်ပြည်နယ်အရေးကိစ္စကို ဓမ္မဓိဋ္ဌာန်ကျကျ ရှုမြင်သုံးသပ်ရန် အလွန်အရေးကြီးကြောင်း ပြောကြား

Image may contain: 5 people

နေပြည်တော် ဇွန် ၃
ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းသည် စင်ကာပူနိုင်ငံတွင် ဇွန် ၁ ရက်မှ ၃ ရက်အထိကျင်းပသည့် (၁၇) ကြိမ်မြောက် အာရှလုံခြုံရေးဆိုင်ရာ ထိပ်သီးအစည်းအဝေး/ The IISS Shangri-La Dialogue သို့ ပါဝင်တက်ရောက်ခဲ့သည်။
အစည်းအဝေးကာလအတွင်း ''မြန်မာနိုင်ငံ၊ ရခိုင် ပြည်နယ် လုံခြုံရေးနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာပြဿနာ'' ခေါင်းစဉ်ဖြင့် ကျင်းပသောအထူးကဏ္ဍဆွေးနွေးပွဲတစ်ရပ်တွင် ရခိုင်ပြည်နယ်၌ လတ်တလော ဖြစ်ပွားနေသည့် ပဋိပက္ခ၏ အဓိကအကြောင်းအရင်းမှာ အကြမ်းဖက်မှုဝါဒဖြစ်ကြောင်း၊ ARSA ဟု ခေါ်သော အကြမ်းဖက်အဖွဲ့က ကျေးရွာများရှိ အုပ်ချုပ်ရေးမှူးများ၊ အပြစ်မဲ့ပြည်သူများအား စနစ်တကျစီမံ၍ ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် လုပ်ရပ်များကြောင့် အစ္စလာမ်ဘာသာဝင် များနှင့် တိုင်းရင်းသား လူနည်းစုများက နေရပ်စွန့်ခွာ သွားခဲ့ကြရကြောင်း၊ ထို့ပြင် ယင်းအကြမ်းဖက်အဖွဲ့က မမှန်မကန် ဝါဒဖြန့်မှုများကြောင့် အခြေအနေမှာ
အလွန်ဆိုးရွားသွားခဲ့ရကြောင်း၊ ရခိုင်ပြည်နယ်ရှိ အစ္စလာမ်အသိုက်အဝန်း သာမက ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးများနှင့် အခြားတိုင်းရင်းသားလူမျိုးစုငယ်များ၊ ဟိန္ဒူဘာသာဝင်များလည်း ထိခိုက်ခံစားခဲ့ကြရကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ရခိုင်ပြည်နယ် အရေးကိစ္စကို ဓမ္မဓိဋ္ဌာန်ကျကျ ရှုမြင်သုံးသပ်ရန် အလွန်အရေးကြီး ကြောင်း၊ အမည်ဖျက်ခြင်း၊ အရှက်ရစေရန် ရည်ညွှန်းပြောဆိုခြင်းများသည် လက်ရှိတင်းမာမှုများကို ပိုမိုဆိုးရွားစေသည့်အပြင် ရခိုင်ပြည်နယ် အရေး ကိစ္စနှင့်ပတ်သက်၍ ငြိမ်းချမ်းစွာနှင့် ရေရှည်တည်တံ့နိုင်မည့် အဖြေရှာနေ မှုများအပေါ် ဆိုးကျိုးသက်ရောက်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် အကြမ်းဖက်သမားများက ¤င်းတို့၏ ရည်ရွယ်ချက် အောင်မြင်စေရေး အတွက် မဟုတ်မမှန် ဝါဒဖြန့်နေခြင်း၊ ဒုက္ခသည်များအား ခုတုံးလုပ်အသုံးချ နေခြင်းက အခြေအနေကို သာ၍ဆိုးရွားစေလျက်ရှိကြောင်း ပြောကြားခဲ့သည် ဟု သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment