Tuesday, May 1, 2018

တေးသီချင်းသစ်နဲ့ ပရိသတ်တွေကို အံ့အားသင့်စေမယ့်TWICE

Image may contain: 9 people, people sitting and people standing
တောင်ကိုရီးယား အမျိုးသမီးတေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ''TWICE'' ဟာ တေးသီချင်းသစ်တစ်ပုဒ်ကို ကြိုတင်ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိဘဲ ထုတ်လွှင့် ခါနီးမှ အသိပေးခဲ့တာကြောင့် ပရိသတ်တွေကို အံ့အားသင့်စေခဲ့တာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ရတဲ့အကြောင်းကလည်း ပရိသတ်တွေကို အံ့သြကာ ပျော်ရွှင် စေဖို့အတွက်ဖြစ်ကြောင်း အဖွဲ့ရဲ့ အေဂျင်စီက ထုတ်ဖော်ပြောကြားလာခဲ့တာ ဖြစ်တယ်လို့ စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက် သန်းခေါင်အချိန်မှာ အဖွဲ့ရဲ့ ဖျော်ဖြေရေး အေဂျင်စီဖြစ်တဲ့ ဂျေဝိုင်ပီအန်တာတိန်းမန့်က ''TWICE''ရဲ့ ဧပြီလ အစပိုင်းက စတင်ထုတ်လွှင့်ခဲ့တဲ့ တေးအယ်လ်ဘမ်သစ်အတွက် နောက်ဆုံးအကြိမ် အရောင်းမြှင့်တင်ရေး လုပ်ဆောင်တဲ့အနေနဲ့ ဒစ်ဂျစ်တယ်တေးသီချင်းသစ်တစ်ပုဒ် ထုတ်လွှင့်ပေးသွားမှာ ဖြစ် ကြောင်း ထုတ်ဖော်အသိပေးခဲ့တာဖြစ်ပါတယ်။ တေးအယ်လ်ဘမ် သစ်မှာပါဝင်တဲ့ တေးသီချင်းတစ်ပုဒ်ဖြစ်ပြီး ''Stuck''လို့ အမည် ရကာ ဧပြီ ၃ဝ ရက် ညပိုင်းမှာ စတင်ထုတ်လွှင့်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ''Stuck''ဟာ အဖွဲ့ဝင်တွေနဲ့ ပရိသတ်တွေ အကြားက အမှတ်တရတွေကို စုစည်းဖန်တီးထားတဲ့ တေးသီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ တေးအယ်လ်ဘမ်သစ်နဲ့ပတ်သက်ပြီး ပရိသတ်တွေအတွက် အမှတ်တရဖြစ်စေမယ့်အပြင် အံ့အားသင့်စေဖို့ရည်ရွယ်ကာ ရုတ်တရက် ထုတ်လွှင့်သွားဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
အေးပြည့်

No comments:

Post a Comment