Tuesday, May 1, 2018

လူမှုဖူလုံရေး- မြတ်တော်ဝင်အထွေထွေ ရောဂါကုဆေးခန်းဖွင့်ပွဲကျင်းပ

Image may contain: 5 people, people smiling, people standing and indoor
တောင်ကြီး ဧပြီ ၃ဝ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့ လူမှုဖူလုံရေး-မြတ်တော်ဝင် အထွေထွေရောဂါကုဆေးခန်းကို ဧပြီ ၃ဝ ရက် နံနက် ၉ နာရီက တောင်ကြီးမြို့ မြတ်တော်ဝင်ဆေးရုံ၌ ကျင်းပ သည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က လူမှု ဖူလုံရေးစီမံကိန်းသည် နိုင်ငံတော်၏ အဓိကကုန်ထုတ် စွမ်းအားစုဖြစ်သော အလုပ်သမားများ၏ လူမှုဘဝလုံခြုံရေး နှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပိုမိုခံစားရရှိခြင်းဖြင့် ကုန်ထုတ်လုပ်မှု တိုးတက်ပြီး နိုင်ငံတော်အစိုးရ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်အတွက် အလုပ်ရှင်၊ အလုပ်သမားနှင့် နိုင်ငံတော်အစိုးရတို့က စုပေါင်း၍ ဝန်ဆောင်မှုပေးနေသော လူမှုကျန်းမာရေး
အာမခံစီမံကိန်း တစ်ခုဖြစ်ပါကြောင်း၊ လူမှုဖူလုံရေးစီမံကိန်း တိုးတက် ပြောင်းလဲမှုသည် အလုပ်သမားများ၏ အကျိုး အတွက်သာမက အလုပ်ရှင်များအကျိုးကိုလည်း ဖြစ်ပေါ် စေသည့်အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် တစ်တပ်တစ်
အား ဖြည့်ဆည်းပေးနိုင်ခြင်းကြောင့် ပြုပြင်ပြောင်းလဲမှုကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အလုပ်ရှင်၊ အလုပ်သမားများ၊ ပုဂ္ဂလိကဆေးရုံကြီးမှ တာဝန်ရှိသူများ၊ အစိုးရအဖွဲ့မှ တာဝန်ရှိသူများအားလုံးက တက်ညီလက်ညီ ပူးပေါင်းပါဝင်သွားကြရန် တိုက်တွန်း ပြောကြားသည်။
ဆက်လက်၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ယခုစီမံကိန်းကို ၁၉၅၄ ခုနှစ် လူမှုဖူလုံရေး ဥပဒေအရ ၁၉၅၆ ခုနှစ်တွင် စတင်အကောင်အထည်ဖော် ခဲ့ခြင်းဖြစ်ကြောင်း၊ ၂ဝဝ၈ ခုနှစ်ခေတ်ကာလအခြေအနေနှင့် ကိုက်ညီအောင် ဥပဒေသစ်စတင်ရေးဆွဲခဲ့ပြီး ၂ဝ၁၂ ခုနှစ် တွင် လူမှုဖူလုံရေးဥပဒေသစ်ကိုပြဋ္ဌာန်း၍ ၂ဝ၁၄ ခုနှစ် ဧပြီလမှစ၍ ဥပဒေသစ်ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုစီမံကိန်းသည် အလုပ်ရှင် အတည်တကျရှိပြီး လစဉ်ပုံမှန်ဝင်ငွေရှိသောFormal Sector ကဏ္ဍရှိ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်စက်ရုံ၊ အလုပ် ရုံ၊ အလုပ်ဌာနများမှ ဝန်ထမ်းများနှင့် အလုပ်သမားများ၏ လူမှုကျန်းမာရေးကို အထောက်အကူပြုသည့် မြန်မာနိုင်ငံ ၏ တစ်ခုတည်းသော အာမခံစနစ်တစ်ခုဖြစ်ကာ လက်ရှိ တွင် အလုပ်သမား ငါးဦးနှင့်အထက်ရှိသော ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံ၊ အလုပ်သမားများနှင့် နိုင်ငံ့ဝန်ထမ်းအချို့ စီမံကိန်းတွင် အကျုံးဝင်နေပြီးဖြစ်သော တစ်နိုင်ငံလုံးအနေ ဖြင့် အာမခံအလုပ်သမားပေါင်း ၁၁ သိန်းကျော်ရှိကာ တောင်ကြီးမြို့တွင် အာမခံအလုပ်သမားပေါင်း ၁ဝ၂ဝ၈ ဦး ရှိနေပြီဖြစ်ကြောင်း၊ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အလုပ်ရှင် ဆီမှ ၃ ရာခိုင်နှုန်းနှင့် အလုပ်သမားဆီမ
ှ ၂ ရာခိုင်နှုန်း ဖြင့် ထည့်ဝင်ထားသော ရန်ပုံငွေကို လေလွင့်မှုမရှိစေရေး၊ ပွင့်လင်းမြင်သာမှုရှိရေး၊ ထိရောက်မှုရှိရေး၊ ရေရှည်တည်တံ့ စေရေးစသည့် ဦးတည်ချက်များနှင့် အစိုးရအဖွဲ့က ချမှတ် ပြဋ္ဌာန်းထားသော ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ စီမံခန့်ခွဲပြီး အကျုံးဝင် အာမခံအလုပ်သမားများ၏ ကျန်းမာရေးကို စောင့်ရှောက်မှုပေးခြင်း၊ မကျန်းမာ၍ အလုပ်မလုပ်နိုင်သောအခါ ဝင်ငွေအဆင်ပြေစေရေးအတွက် ငွေကြေးအကျိုးခံစားခွင့်များကို အလုပ်သမားဆေးရုံကြီး သုံးရုံ၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း ၉၆ ခန်း၊ ဌာနကြီး ဆေးခန်း ၅၅ ခန်းတို့နှင့် ကျန်းမာရေးဝန်ဆောင်မှုပေးလျက် ရှိကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက လူမှုဖူလုံရေး- မြတ်တော်ဝင်အထွေထွေ
ရောဂါကုဆေးခန်းအတွင်း လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)

No comments:

Post a Comment