Tuesday, May 1, 2018

ရုပ်ရှင်သမိုင်းတစ်လျှောက် ကမ္ဘာ့စံချိန်ကို ချိုးလိုက်တဲ့ Avengers: Infinity War

Image may contain: 12 people, people standing
မာဘယ်လ်ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထုတ်လွှင့်လျက်ရှိတဲ့ တိုက်ခိုက်ရေးရုပ်ရှင်အမျိုးအစားဖြစ်တဲ့ ''Avengers'' ဇာတ်လမ်းတွဲရုပ်ရှင်တွေရဲ့ ရုပ်ရှင်သစ် ''Avengers: Infinity War''ကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း စတင်ရုံတင် ခဲ့တာဖြစ်ပါတယ်။ အဖွင့်သီတင်းပတ်အတွင်း ရရှိခဲ့တဲ့ ယင်းရုပ်ရှင်ရဲ့ဝင်ငွေဟာ ရုပ်ရှင်သမိုင်းတစ်လျှောက် အဖွင့်သီတင်း ပတ်မှာ ရရှိခဲ့ကြတဲ့ ဝင်ငွေတွေထက် ကျော်လွန်ခဲ့ကာ ဝင်ငွေအကောင်းဆုံးရုပ်ရှင်အဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပြီဖြစ်ကြောင်း အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
''Avengers: Infinity War'' ကို ပြီးခဲ့တဲ့ တနင်္လာနေ့က ပထမဆုံးအကြိမ်အဖြစ် အထူးပွဲပြသခဲ့တာဖြစ်ပြီး ဧပြီ ၂၇ ရက်မှာ မြောက်အမေရိကနဲ့ ကမ္ဘာတစ်ဝန်းမှာ စတင်ရုံတင်ခဲ့တာ ဖြစ်ပါတယ်။ ၂၉ ရက်မှာ ထွက်ပေါ်လာခဲ့တဲ့ စာရင်းတွေအရ အဖွင့်သီတင်းပတ်အတွင်း ''Avengers: Infinity War''ရဲ့ ကမ္ဘာတစ်ဝန်းရရှိခဲ့တဲ့ ဝင်ငွေကတော့ အမေရိကန်ဒေါ်လာ သန်း ၆၃ဝ ဖြစ်ကြောင်း သိရပါတယ်။ ဒီဝင်ငွေဟာ ရုံတင်ခဲ့သမျှသော ရုပ်ရှင်တွေရဲ့ အဖွင့်သီတင်း ပတ်အတွင်းရရှိခဲ့တဲ့ ဝင်ငွေအသီးသီးထက် ကျော်လွန်ခဲ့တာဖြစ်ပါတယ်။ ဒီဝင်ငွေဟာ တရုတ်ဈေးကွက်မှ ရရှိလာမယ့် ဝင်ငွေပါဝင်ခြင်းမရှိဘဲ တရုတ်မှာတော့ ယင်းရုပ်ရှင်ကို နောက်ကျမှ ပြသသွားမှာဖြစ်ပါတယ်။
ယခင်ကတော့ အဖွင့်သီတင်းပတ်ရဲ့ ဝင်ငွေအကောင်းဆုံးအဖြစ် စံချိန်တင်ထားခဲ့တဲ့ ရုပ်ရှင်ကတော့ ''Fast and Furious''ရဲ့ ရှစ်ကားမြောက် ရုပ်ရှင် ''The Fate Of The Furious'' ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ်အတွင်း ရုံတင်ပြသခဲ့ပြီး နာမည်ကျော်မင်းသားကြီးတွေဖြစ်ကြတဲ့ ဗင်ဒီဇယ်၊ ဝိန်းဂျွန်ဆင်နဲ့ မိုက်ကယ်ရော့ဒရီးဂွက်စ်တို့ ခေါင်းဆောင်ပါဝင်ထားတဲ့ ယင်းရုပ်ရှင်ရဲ့ ဝင်ငွေကတော့ အမေရိကန်ဒေါ်လာ သန်း ၅၃ဝ ဖြစ်ပါတယ်။
လူစွမ်းကောင်း တစ်ဒါဇင်ကျော် ပါဝင်ဖန်တီးအသက်သွင်းထားတဲ့ ''Avengers: Infinity War''ဟာ အဖွင့်သီတင်း ပတ်မှာ မြောက်အမေရိကားမှာ အပြိုင်ရုံတင်ပြသခဲ့ကြတဲ့ ရုပ်ရှင်တွေအနက်လည်း ဝင်ငွေအကောင်းဆုံးဖြစ်ခဲ့ပါတယ်။ မြောက်အမေရိကမှာ တစ်ပတ်အတွင်း ရရှိခဲ့တဲ့ဝင်ငွေကတော့ အမေရိကန်ဒေါ်လာ သန်း ၂၅ဝ ကျော်ခဲ့တာပါ။ ဒီဝင်ငွေကလည်း စံချိန်သစ်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။ ''Avengers''ဇာတ်လမ်းတွဲတွေအနက် ဝင်ငွေအကောင်းဆုံးအဖြစ် စံချိန်တင်ထားတဲ့ရုပ်ရှင်ရဲ့ ဝင်ငွေထက် သာလွန်ရရှိခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ်အတွင်း ရုံတင်ခဲ့တဲ့ ''Avengers: The Force Awakens''ရဲ့ ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၂၄၈ သန်းဖြစ်တာကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း စတင်ရုံတင်ခဲ့တဲ့ ''Avengers: Infinity War''ရဲ့ အဖွင့်သီတင်းပတ်အတွင်း မြောက်အမေရိကမှာ ရရှိခဲ့တဲ့ဝင်ငွေဟာ ''Avengers''ဇာတ်လမ်းတွဲတွေအနက် ဝင်ငွေအကောင်းဆုံးအဖြစ် စံချိန်သစ်တင်ခဲ့တာလည်း ဖြစ်ပါတယ်။
အေးပြည့်

No comments:

Post a Comment