Tuesday, May 29, 2018

ဖိုက်ဘာစက်လှေများနှင့် အသက်ကယ်အင်္ကျီများ ပေးအပ်

Image may contain: 6 people, people standing, child, outdoor and food
ပဲခူး မေ ၂၈
အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ
ခန့်ခွဲမှုကော်မတီ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး
နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေး
အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ
ညောင်လေးပင်မြို့နယ် သဘာဝဘေးအန္တရာယ်
ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသို့ ဖိုက်ဘာစက်လှေ
များနှင့် အသက်ကယ်အင်္ကျီများ လွှဲပြောင်းပေး အပ်ပွဲအခမ်းအနားကို ပဲခူးတိုင်းဒေသကြီးအစိုးရ
အဖွဲ့ရုံး၌ မေ ၂၈ ရက် နံနက် ၁၁ နာရီက ကျင်းပ
သည်။
ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်
ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တိုင်း
ဒေသကြီး ညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်က
ဖိုက်ဘာစက်လှေများနှင့် အသက်ကယ်အင်္ကျီများ လွှဲပြောင်းပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဝန်ကြီးချုပ်
ဦးဝင်းသိန်းက ဖိုက်ဘာစက်လှေများနှင့် အသက် ကယ်အင်္ကျီများကို ညောင်လေးပင်မြို့နယ် သဘာဝ
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ
ထံ လွှဲပြောင်းပေးအပ်ပြီး ညောင်လေးပင်မြို့နယ်
ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြန်လည်ပြောကြား သည်။
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနသည်
သဘာဝဘေးအန္တရာယ်ကျရောက်သည့်အခါ ဘေး
အန္တရာယ်တုံ့ပြန်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး
လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဖိုက်ဘာ
စက်လှေအစင်း ၅ဝနှင့် အသက်ကယ်အင်္ကျီ ၄၅၁ဝ ထည်တို့ကို အမျိုးသားသဘာဝဘေးအန္တရာယ်
ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တင်ဒါအောင်မြင် သည့ှ်နျာေ ပြညောမေ ကုမ္ပဏီနှင့ှ်ကညှ့ငညန
ကုမ္ပဏီတို့ထံမှ စာချုပ်ချုပ်ဆိုဝယ်ယူခဲ့ပြီး တိုင်း
ဒေသကြီးနှင့် ပြည်နယ်များသို့ ဖြန့်ဝေပေးပို့လျက်ရှိ
သည်။
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်
အတွင်းရှိ မဒေါက်ဒေသသည် နှစ်စဉ်ရေကြီးရေလျှံ
မှုများ ကြုံတွေ့နေရသဖြင့် ကယ်ဆယ်ရေးလုပ်ငန်း
များ ဆောင်ရွက်နိုင်ရန်အတွက် ဖိုက်ဘာစက်လှေ
နှစ်စင်း၊ အသက်ကယ်အင်္ကျီအထည်၂ဝ အားပေးအပ်
ခြင်းဖြစ်ပြီး ပြည်မြို့နယ်အတွက် ဖိုက်ဘာစက်လှေ
သုံးစင်း၊ အသက်ကယ်အင်္ကျီအထည် ၃ဝ၊ ရွှေတောင်
မြို့နယ်အတွက် ဖိုက်ဘာစက်လှေ တစ်စင်း၊ အင်္ကျီ ၁ဝ
ထည်၊ မိုးညိုမြို့နယ်အတွက် ဖိုက်ဘာစက်လှေ
နှစ်စင်း၊ အင်္ကျီအထည် ၂ဝ တို့အား လွှဲပြောင်း
ပေးအပ်ပြီးဖြစ်ကြောင်း သိရသည်။
တင်စိုး(ပဲခူး)

No comments:

Post a Comment