Tuesday, May 29, 2018

လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းဆွေးနွေး

Image may contain: one or more people, people standing and indoor
ချမ်းမြသာစည် မေ ၂၈
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အားကစား နှင့် ကာယပညာသိပ္ပံ(မန္တလေး)တို့ ပူးပေါင်း၍
လူငယ်နှင့် အားကစားခေါင်းစဉ်ဖြင့် ပြည်သူ့
စကားဝိုင်းဆွေးနွေးပွဲကို မေ ၂၇ ရက် နံနက် ၉ နာရီက ချမ်းမြသာစည်မြို့နယ် ၇၃ လမ်းရှိ အားကစားနှင့် ကာယပညာသိပ္ပံ(မန္တလေး) ခန်းမ
၌ ကျင်းပသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာကော်မတီ နာယက ဒေါက်တာ
ယုယုမေ တက်ရောက်အားပေးပြီး အဖွင့်အမှာ စကား ပြောကြားသည်။
ထို့နောက် ချမ်းမြသာစည်မြို့နယ် တိုင်းဒေသ
ကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်က လူငယ်ဖွံ့ဖြိုးရေးအကြောင်းကိုလည်းကောင်း၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ
ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဒေါ်ဝေ
ဝေဖြိုးက ပြည်သူ့စကားဝိုင်းပြုလုပ်ရခြင်း ရည်
ရွယ်ချက်များကို လည်းကောင်း ရှင်းလင်းပြော ကြားသည်။
ဆက်လက်၍ လူငယ်နှင့်အားကစား ခေါင်းစဉ် ဖြင့် စကားဝိုင်းဆွေးနွေးပွဲ ကျင်းပရာ ချမ်းမြ
သာစည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်အောင်မိုး၊ အားကစားနှင့် ကာယပညာသိပ္ပံ(မန္တလေး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင်၊ အမျိုးသား
စာပေဆုရှင် စာရေးဆရာ ညီပုလေး၊ Youth Development Pilot Project Committeeဥက္ကဋ္ဌ ဒေါ်မေမြတ်နွယ်၊ မြန်မာ့လက်ရွေးစင်
အမျိုးသမီးဘောလုံးအသင်းဂိုးသမား မြဖူးငုံတို့က လူငယ်နှင့် အားကစားဖွံ့ဖြိုးရေးဆွေးနွေးကြသည်။
အခမ်းအနားသို့ အားကစားနှင့် ကာယပညာ
သိပ္ပံမှ ကျောင်းသား ကျောင်းသူများ၊ သင်တန်းသား သင်တန်းသူများ၊ ချမ်းမြသာစည်မြို့နယ်ရှိ ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများ၊ အားကစား
စိတ်ဝင်စားသူလူငယ်များ၊ သတင်းမီဒီယာများ
တက်ရောက်ကြကြောင်း သိရသည်။
သီဟကိုကို(မန္တလေး)

No comments:

Post a Comment