Wednesday, May 30, 2018

နယ်စပ်တည်ငြိမ်အေးချမ်းရေးကို အလေးထားရှေးရှုဆောင်ရွက်

Image may contain: text

ပြဿနာရှိလျှင် အဖြေရှိသည်ဟု အဆိုရှိသည်။ ပြဿနာကို တစ်ဖက် တည်း ဖြေရှင်း၍မရ၊ နှစ်ဖက် ဓမ္မဓိဋ္ဌာန်ကျကျဖြေရှင်းမှ အောင်မြင်နိုင်မည်။ ဖြစ်ပေါ်နေသော ရခိုင်ပြည်နယ်အရေး၊ တစ်ဖက်နိုင်ငံသို့ ရောက်ရှိနေ သော နေရပ်စွန့်ခွာသူများအရေးကို ကိုင်တွယ်ဖြေရှင်းရာတွင် သတ်မှတ် ထားသော ဥပဒေစည်းမျဉ်းနှင့်အညီ နှစ်ဖက်ကိုင်တွယ်ဖြေရှင်းမှ အောင်မြင်နိုင်မည်။ နှစ်နိုင်ငံနယ်စပ်တွင် ဖြစ်ပေါ်နေသော ကိစ္စများနှင့် ပတ်သက်၍ မြန်မာနိုင်ငံအစိုးရက အဆင်ပြေအောင် ပူးပေါင်းဆောင်ရွက် မှုများ မည်မျှပင်မြှင့်တင်ဆောင်ရွက်နေသော်လည်း အဆင်ပြေမှု ရှိခြင်း၊ မရှိခြင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှု ကောင်းခြင်း၊ မကောင်းခြင်းအပေါ်တွင် မူတည်သည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ်မျဉ်းအနီး မြန်မာပိုင်နက် အတွင်း လူမနေရန် သတ်မှတ်ထားသောနေရာတွင် ဒုက္ခသည်များ ရောက်ရှိနေထိုင်မှုတိုးပွားနေရာ စတင်နေထိုင်စဉ်ကတည်းက မြန်မာ နိုင်ငံမှ တာဝန်ရှိသူများက လူနေထိုင်ရန်နေရာမဟုတ်သဖြင့် ဖယ်ရှားပေး ရန် နေ့စဉ်သတိပေးပြောကြားလျက်ရှိသည်။ ထိုသို့ တရားမဝင် ဝင်ရောက် နေထိုင်မှုနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ လှုပ်ရှားဆောင်ရွက်မှု များသည် သဘောရိုးမဟုတ်ဟု ထင်မြင်ယူဆပါသည်။
နှစ်နိုင်ငံနယ်နိမိတ်မျဉ်းသည် မြန်မာနိုင်ငံ ပိုင်နက်နယ်မြေဖြစ် သည်။ ထိုနေရာတွင် နှစ်နိုင်ငံသဘောတူညီချက်အရ လူနေထိုင်ခွင့်မရှိချေ။ သို့သော် ဒုက္ခသည်ဆိုသူများ တစ်စတစ်စတိုးပွားနေထိုင်လာသည်။ တစ်ချိန် တည်းတွင် ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်း၌ ခိုအောင်းရန်ကျင်းများ၊ ဘန်ကာ များ၊ အဆောက်အအုံများနှင့် စီစီတီဗွီကင်မရာများ တပ်ဆင်ထားသည်။ လူမနေထိုင်ရသည့်နေရာတွင် လာရောက်နေထိုင်ကြသူများမှာ စားဝတ် နေရေးနှင့် စားနပ်ရိက္ခာဆေးဝါးများ လုံလုံလောက်လောက်မပါသော်လည်း ¤င်းတို့ရေရှည်ရပ်တည် နေထိုင်နိုင်ရေးအတွက် နိုင်ငံတကာအဖွဲ့ အစည်းများက ကူညီထောက်ပံ့ပေးနေပြီး ထိုသို့ကူညီထောက်ပံ့ပေးမှုများ ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ခွင့်ပြုပေးထားသည့်သဘောရှိသည်။
မြန်မာနိုင်ငံအစိုးရအနေဖြင့် လူမနေထိုင်ရသည့် နယ်နိမိတ်မျဉ်းတွင် ရောက်ရှိနေထိုင်နေသူများအား ဖယ်ရှားရှင်းလင်းနိုင်စွမ်းရှိသည်။ အကယ် ၍ ဖယ်ရှားရှင်းလင်းမည်ဆိုပါက ၄င်းတို့တပ်ဆင်ထားသော စီစီတီဗွီများ၊ ဓာတ်ပုံမှတ်တမ်းများဖြင့် မြန်မာနိုင်ငံမှ လူ့အခွင့်အရေးချိုးဖောက်သယောင် ကမ္ဘာသို့အသိပေးနိုင်အောင် ထိုးနှက်မှုအသစ်များ စီစဉ်ဖန်တီးထားသည် ဟု သုံးသပ်မိပါသည်။ အဆိုပါကိစ္စသည် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ ဖိအားများ ပြန်လည်များပြားလာစေရန် ထောင်ချောက်ဆင်ထားသည်နှင့် တူသည်။ မြန်မာနိုင်ငံအနေဖြင့်မူ သံတမန်နည်းလမ်းဖြင့်သာ ဖြေရှင်း ဆောင်ရွက်လျက်ရှိသည်။
နှစ်နိုင်ငံနယ်နိမိတ်မျဉ်းအနီး နေထိုင်ကြသူများတွင် အကြမ်းဖက် သမားများပါဝင်နေကြောင်း သိရှိရသည်။ ထိုနေရာတွင် နေထိုင်ကြသူ များအား ခေါင်းဆောင်သူမှာARSAအကြမ်းဖက်အဖွဲ့ကို အခိုင်အမာ ထောက်ခံအားပေးနေသူဖြစ်ပြီး နေရပ်စွန့်ခွာသွားသူများနှင့် ရောနှော နေထိုင်ကာ ¤င်းတို့၏ရည်ရွယ်ချက်ကို အကောင်အထည်ဖော်နိုင်ရန် ကြံစည်အားထုတ်နေခြင်းဖြစ်သည်။ မြန်မာနိုင်ငံအစိုးရအနေဖြင့် နေရပ် စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းများကို နှစ်နိုင်ငံညှိနှိုင်းပြီး အမည်စာရင်း ပေးပို့ခြင်း၊ လိုအပ်သည့်ပုံစံများတွင် ဖြည့်စွက်၍ နှစ်နိုင်ငံ သဘောတူညီထားသည့်အတိုင်း ပြန်လည်လက်ခံရေးစခန်းများတွင် စနစ်တကျပြန်လည်စစ်ဆေးလက်ခံခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာ နှစ်နိုင်ငံသဘောတူညီချက်များနှင့်အညီ ပြန်လည် လက်ခံရေးအစီအစဉ်များကို မြန်မာနိုင်ငံက အလေးထားဆောင်ရွက်နေချိန် တွင် ယခုကဲ့သို့ ဥပဒေနှင့်မညီသော လုပ်ရပ်များကို လုပ်ကိုင်ဆောင်ရွက် ခြင်းမှာ မသင့်လျော်ဘဲ နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်အေးချမ်းရေးအတွက် အလေးထားရှေးရှုဆောင်ရွက်သင့်သည်ဟု ရှုမြင်ပါသည်။ ။

No comments:

Post a Comment