Wednesday, May 30, 2018

ထရန့်နှင့် ကင်ဂျုံအန်တို့၏ ထိပ်သီးဆွေးနွေးပွဲ အကြိုကာလတွင် မြောက်ကိုရီးယားဗိုလ်ချုပ်ကြီးတစ်ဦး အမေရိကန်သို့ ခရီးနှင်

Image may contain: 7 people, people standing and suit

ဆိုးလ် မေ ၂၉
အမေရိကန်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ စလုံးက အလွန်အရေးပါသော ထိပ်သီးအစည်း အဝေးကျင်းပရေးအတွက် ကြိုတင်ပြင်ဆင်မှု များပြုလုပ်နေစဉ် မြောက်ကိုရီးယား ထိပ်တန်း ဗိုလ်ချုပ်ကြီးတစ်ဦးသည် အမေရိကန် ပြည်ထောင်စုသို့ သွားရောက်လျက်ရှိကြောင်း၊ ၄င်း၏ ခရီးစဉ်မှာ နှစ်ပေါင်းများစွာကာလ အတွင်း မြောက်ကိုရီးယားမှ အဆင့်မြင့်ဆုံး တာဝန်ရှိသူတစ်ဦး၏ ခရီးစဉ်ဖြစ်ကြောင်း မေ ၂၉ ရက် သတင်းများ၌ ဖော်ပြသည်။
သွားရောက်မည်
ဗိုလ်ချုပ်ကြီး ကင်ယောင်ချူးလ်သည် မေ ၂၉ ရက်တွင် ပေကျင်းလေဆိပ်သို့ ရောက်ရှိ လာကြောင်း၊ ၄င်းသည် တရုတ်တာဝန်ရှိသူ များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီး နောက်တစ်ရက်တွင် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့သို့ ဆက်လက် သွားရောက် မည်ဖြစ်ကြောင်း သံတမန်များသတင်းရပ်ကွက် ကို ကိုးကား၍ တောင်ကိုရီးယား ယွန်ဟပ် သတင်းဌာနက ဖော်ပြသည်။
ဒရောသောပါး
ဇွန် ၁၂ ရက်တွင် စင်ကာပူနိုင်ငံ၌ အမေရိကန်သမ္မတနှင့် မြောက်ကိုရီးယားခေါင်း ဆောင်တို့ တွေ့ဆုံရန် စီစဉ်ထားသည့် ထိပ်သီးဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် မဆုတ်သာ မတက်သာ ဖြစ်နေစဉ်အတွင်း မြောက်ကိုရီးယား ထိပ်တန်းဗိုလ်ချုပ်ကြီး၏ အမေရိကန်ခရီးစဉ်သည် သံခင်းတမန်ခင်း ဆိုင်ရာ ဒရောသောပါး လုပ်ဆောင်သည့် အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။
ပြန်လည်ရပ်တည်
မြောက်ကိုရီးယားနိုင်ငံ၏ သိသာထင်ရှား သည့် ရန်လိုမှုကြောင့်ဟုဆိုကာ လွန်ခဲ့ သည့် ရက်သတ္တပတ်အတွင်း၌ အမေရိကန် သမ္မတဒေါ်နယ်ထရန့်က ထိပ်သီးဆွေးနွေးပွဲကို ဖျက်သိမ်းကြောင်း ပြောကြားခဲ့သည်။ သို့သော် လည်း ယင်းနောက်ပိုင်းတွင် အမေရိကန်နှင့် မြောက်ကိုရီးယားနှစ်နိုင်ငံစလုံးက ခွန်းတုံ့ပြန် ပြောဆိုမှုများ မပြုလုပ်တော့ဘဲ မူလစီစဉ်ထား သည့် ထိပ်သီးဆွေးနွေးပွဲ ကျင်းပရေး လမ်း ကြောင်းအတိုင်း ပြန်လည်ရပ်တည်လာကြ သည်။
တွေ့ဆုံခဲ့
အမေရိကန် စေ့စပ်ညှိနှိုင်းသူများ၏ ခေါင်းဆောင်အဖြစ် ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဆောင်ကမ်သည် မြောက်ကိုရီးယား စေ့စပ်ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင်နှင့် မေ ၂၇ ရက်တွင် တောင်နှင့်မြောက်ကိုရီးယားနှစ်နိုင်ငံကို ပိုင်းခြားထား သည့် အပစ်အခတ်ရပ်စဲရေး ကျေးရွာ ပန်မွန်ဂျုံ၌ တွေ့ဆုံခဲ့သည်။
အေအက်ဖ်ပီ

No comments:

Post a Comment