Thursday, May 31, 2018

ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

Image may contain: one or more people
ရန်ကုန် မေ ၃ဝ
ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ်အခမ်း
အနားကို မေ ၃ဝ နံနက် ၁ဝ နာရီက ရန်ကုန်မြို့ရှိ
တော်ဝင်ဂါးဒင်းဟိုတယ်၌ ကျင်းပသည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ''ကျွန်တော်တို့နိုင်ငံက ဆင်းရဲတဲ့အတွက် ကျန်းမာ
ရေးနဲ့ ပတ်သက်လာရင်ဝန်ဆောင်မှုပေးနိုင်တဲ့ အခြေ
အနေက အလွန်အင်မတန်နည်းပါတယ်။ ကင်ဆာ
ရောဂါ၊ နှလုံးရောဂါတို့ဆို ကုန်ကျစရိတ် အလွန်များတဲ့
ရောဂါတွေဖြစ်ပါတယ်။ ဒီရောဂါတွေ မဖြစ်ဖို့ဆိုရင် အသိ
ပညာရှိဖို့ လိုအပ်မှာဖြစ်ပါတယ်။ နိုင်ငံအတွင်းမှာ ဆေး
လိပ်သောက်သုံးမှုကို အသိပညာပေးမှုမျိုးနဲ့ပဲ ဆေးလိပ်
မသောက်ရေးအတွက် ထိန်းချုပ်နိုင်လိမ့်မယ်လို့ ယူဆမိ
ပါတယ်။ ဒါကြောင့် အသိတရားရှိဖို့ ကျယ်ကျယ်ပြန့်ပြန့်
ဆောင်ရွက်သွားဖို့လိုအပ်ပါတယ်''ဟုပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်သူ့
ကျန်းမာရေး ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ ကမ္ဘာ့
ကျန်းမာရေးအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ သည်။
သုတေသနစာတမ်းများအရ ၁၅ နှစ်အထက်
ဆေးလိပ်သောက်သုံးသူ အမျိုးသား ၄၂ ရာခိုင်နှုန်း
နှင့် အမျိုးသမီး ၁၅ ရာခိုင်နှုန်းရှိပြီး ဆေးရွက်ကြီးထွက်ပစ္စည်း သုံးစွဲမှု (ကွမ်းယာ)
တွင် အမျိုးသား ၄ဝ ရာခိုင်နှုန်း၊ အမျိုးသမီး
၆ ဒသမ ၁၉ ရာခိုင်နှုန်း သုံးစွဲနေကြကြောင်း
သိရသည်။
ထို့အပြင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း
သုံးစွဲမှုကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ် လူဦးရေ ခြောက်
သန်းခန့် အရွယ်မတိုင်ခင် သေဆုံးကြောင်း၊ သေဆုံးသူ
များထဲမှ ဆယ်ပုံတစ်ပုံမှာ ကိုယ်တိုင်မသုံးစွဲဘဲ တခြား
သူများ၏ ဆေးလိပ်သောက်သုံးမှုမှ ဖြစ်ပေါ်လာသည့်
တစ်ဆင့်ခံဆေးလိပ်ငွေ့ကြောင့် သေဆုံးနေကြောင်း သိရသည်။
ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသုံးစွဲမှု
ကြောင့် ရရှိလာမည့် ကျန်းမာရေးပြဿနာများ ထိန်းချုပ်
ရေးဆိုင်ရာမူဝါဒများနှင့် နည်းလမ်းများကို မီးမောင်းထိုး
ပြလိုသည့်အတွက် နှစ်စဉ် မေ ၃၁ ရက်တွင် မြန်မာနိုင်ငံ
အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဆေးလိပ်မသောက်
ရေးနေ့ သတ်မှတ်ကျင်းပလေ့ရှိပြီး ယခုနှစ်ဆောင်ပုဒ်မှာ
''နှလုံးသွေးကြောရောဂါကင်းဝေးဖို့ ဆေးလိပ်၊
ဆေးရွက်ကြီး ရှောင်ကြစို့'' (Tobacco breaks Heart)
ဟု သတ်မှတ်ထားကြောင်း သိရသည်။
ဇာနည်မောင်

No comments:

Post a Comment