Thursday, May 31, 2018

သဘာဝဘေးကျရောက်ပါကအမြန်ဆုံးဆောင်ရွက်နိုင်ရန် ညောင်လေးပင်တွင် ဖိုက်ဘာစက်လှေများဖြင့် လေ့ကျင့်

Image may contain: outdoor
ညောင်လေးပင် မေ ၃ဝ
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် မဒေါက်မြို့ဒေသဝန်းကျင်တွင် ရေကြီးရေလျှံ
မှုနှင့် အခြားသောသဘာဝဘေးများ ကြုံတွေ့
ရပါက အမြန်ဆုံးကူညီဆောင်ရွက်နိုင်ရန် လူမှု
ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ
ချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ် စီမံ
ခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သည့် ဖိုက်ဘာစက်လှေနှစ်စင်းအား မေ ၂၉ ရက်
နံနက် ၁ဝ နာရီက မဒေါက်မြို့အနီး စစ်တောင်း
မြစ်အတွင်း၌ စမ်းသပ်မောင်းနှင်ခဲ့သည်။
မဒေါက်မြို့ဒေသဝန်းကျင်သည် နှစ်စဉ်
မိုးရာသီကာလရောက်တိုင်း ရေကြီးရေလျှံ
မှုများ ကြုံတွေ့ရလေ့ရှိကာ ယခုကဲ့သို့ ကူညီ
ကယ်ဆယ်ရေး လုပ်ငန်းများကို ကြိုတင်
ပြင်ဆင်ခြင်းအားဖြင့် ဘေးအန္တရာယ်ကြုံ
တွေ့ရသည့်အခါ အချိန်နှင့်တစ်ပြေးညီဆောင် ရွက်နိုင်မည်ဖြစ်ပြီး စက်လှေများစမ်းသပ်
မောင်းနှင်ခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနော်မိုင်လှကြည်နှင့် တာဝန်ရှိသူများပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုလွင်(ဆွာ)

No comments:

Post a Comment