Thursday, May 31, 2018

ရေချိုးဖို့လိုအပ်နေတဲ့ တေလာဆွစ်

Image may contain: 1 person, standing and text
ဂရမ်မီဆုများရှင် အမေရိကန်ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်အနေနဲ့ ရေချိုးဖို့လိုအပ်နေပြီ ဖြစ်ကြောင်း လတ်တလောမှာ ပြုလုပ်ခဲ့တဲ့ ရေဒီယိုအင်တာဗျူးတစ်ခုမှာ အင်တာဗျူး မေးမြန်းခဲ့သူက ပြောကြားလိုက်တာဖြစ်တယ် လို့ ယူအက်စ်ဝိခ်ကလီးဒေါ့ကွန်းရဲ့ ရေးသား ဖော်ပြချက်တွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အကုန်မှာ ဘီဘီစီ ရေဒီယို-၁ နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အင်တာဗျူးမေးမြန်းခဲ့သူ ဂရက်ဂျိမ်းစ်က တေလာဆွစ်ကို ''တွေ့ဆုံရတာဝမ်းသာပါ တယ်၊ လောလောဆယ်တော့ မင်းရေချိုးသင့် တယ်လို့ ငါထင်ပါတယ်''လို့ စနောက် ပြောကြားလိုက်တာ ဖြစ်ပါတယ်။
ဒီလိုပြောကြားရတဲ့အကြောင်းကလည်း ရှိနေပါတယ်။ တေလာဆွစ်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဆွမ်ဆီးမှာ ဖျော်ဖြေပွဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အဲဒီမြို့မှာတော့ အပူချိန်အလွန်မြင့်နေပါတယ်။ တေလာဆွစ်ရဲ့ ဖျော်ဖြေပွဲမှာတော့ ဆွမ်ဆီးရဲ့ အပူချိန်ဟာ ၇၁ ဒီဂရီအထိ မြင့်နေပြီး ပေါ့ပ်ကြယ်ပွင့်ဟာ နေရောင်အောက်မှာပဲ ပရိသတ် ၂၆ဝဝဝ အကြား ဖျော်ဖြေပွဲပြုလုပ်ခဲ့တာပါ။ ဒါကြောင့် ချွေးတွေထွက်ကာ အလွန်ပင်ပန်းခဲ့ရတဲ့ ဖျော်ဖြေပွဲ ဖြစ်ခဲ့ပါတယ်။
လတ်တလောမှာ အသက် ၂၈ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဂရမ်မီ ၁ဝ ဆုပိုင်ရှင် တေလာဆွစ်ကို အထက်ပါအတိုင်း ပြောကြား ခဲ့တဲ့ အင်တာဗျူးမေးမြန်းခဲ့သူရဲ့ စနောက်မှု အပေါ် တေလာဆွစ်က သူ့အနေနဲ့လည်း ရေချိုးသင့်တယ်ဆိုတာကို ထောက်ခံကြောင်း သာ တုံ့ပြန်ခဲ့ပါတယ်။ ဒီလို ပြောကြားခဲ့တဲ့ အပေါ် တေလာဆွစ်ရဲ့ ပရိသတ်တွေက အွန်လိုင်းမီဒီယာတွေပေါ်ကနေတစ်ဆင့် တုံ့ပြန်ခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ ပရိသတ်တစ်ဦးကတော့ နှစ်တွေအတော်ကြာ မှ ပြုလုပ်ခဲ့တဲ့ တေလာဆွစ်ရဲ့ အင်တာဗျူးမှာ ယခုလို စနောက်ခံခဲ့ရတဲ့အတွက် စိတ်မကောင်း ဖြစ်မိကြောင်း ရေးသားဖော်ပြထားပါတယ်။ အခြားသောပရိသတ်တစ်ဦးကတော့ ဒီလိုပြော ကြားလိုက်တာဟာ တေလာဆွစ်ကို ချွေးတွေ ကြောင့် အနံ့ဆိုးတွေထွက်နေပြီဖြစ်ကြောင်း သွယ်ဝိုက်ပြောကြားလိုက်တာ ဖြစ်တယ်လို့ လည်း ဝေဖန်ရေးသားထားတာတွေ့ရပါတယ်။
အေးပြည့်

No comments:

Post a Comment