Wednesday, May 2, 2018

ဒုတိယဝန်ကြီး ဦးကျော်လင်း မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းအား ကြည့်ရှုစစ်ဆေး

Image may contain: one or more people, people standing, mountain, sky, outdoor and nature
နေပြည်တော် မေ ၁
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်လင်းသည် ဧပြီ ၂၉ ရက်က မြစ်ကြီးနား-ဆွမ်ပရာဘွမ်- ပူတာအိုလမ်း (မြစ်ကြီးနား-ဆွမ်ပရာ ဘွမ်အပိုင်း) လမ်း တံတားလုပ်ငန်းများ အား ကြည့်ရှုစစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် လမ်းမိုင် (၆၃/ဝ) အနီး ပူတာအို ၊ဆွမ်ပရာဘွမ် မြို့တို့မှ ဆင်းလာသော ကုန်ကားများ နှင့် မိုင်တိုင် (၆၄/၃) တွင် မြစ်ကြီးနားမှ ပူတာအို အတက်ကုန်ကားများမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် တို့အား ကုန်စည်ပို့ဆောင်မှု အခြေ အနေနှင့် လမ်းအခြေအနေများကို တွေ့ဆုံ မေးမြန်းသည်။ ယင်းနောက် မိုင်တိုင်(၇၇/၂-၇၇/၃) ကြားရှိ (၂/၇၇) ဒရုခ သံကူကွန်ကရစ်တံတား အသစ် တည်ဆောက်နေမှုနှင့် ပြီးစီးမှု အခြေ အနေများကိုလည်းကောင်း၊ မိုင်တိုင် (၅၃/ဝ) တီယန်ဇွပ်ရွာအနီး ကတ္တရာ လမ်းခင်းခြင်း လုပ်ငန်းအခြေ အနေများကိုလည်းကောင်း၊မိုင်တိုင် (၄၉/ဝ) နှင့် မိုင်တိုင်(၄၅/ဝ) တို့တွင် ပုဂ္ဂလိကကုမ္ပဏီများမှ ကတ္တရာ လမ်းခင်းနေမှု အခြေအနေများကို လည်းကောင်း၊ မိုင်တိုင်(၄၆/၆) ရှိ အင်ဂျစ်သံကူကွန်ကရစ် တံတား တံတားအမှတ် (၃/၄၁) အင်စွပ် တံတားနှင့် တံတားအမှတ် (၂/၃၆) ဖုန်အင်တံတားများ ကြံ့ခိုင်မှု အခြေ အနေများကို လည်းကောင်း၊ မိုင်တိုင် (၄၂/၆) အနီးရှိ စက်၊ ယန္တရားများနှင့် ၃၄ပေအကျယ် လမ်းသားချဲ့ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေ အနေများကိုလည်းကောင်း၊ မိုင် (၃၇/ဝ-၃၇/၁) အကြား မလိခမြစ်ရေ တိုက်စားမှုကြောင့် လမ်းသား ပြိုကျ သည့် နေရာများကို လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ စစ်ဆေးရာတွင် ဒုတိယ ဝန်ကြီးက လမ်းပိုင်းတွင် ကုမ္ပဏီ ခုနစ်ခုမှ ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေသော လုပ်ငန်းများကို ယခုနှစ် မိုးစတင်ရွာနေပြီဖြစ်၍ မိုးမ များမီ လုပ်ငန်းများအားလုံး အရည် အသွေးပြည့်မီစွာဖြင့် အမြန်ပြီးစီး အောင် ဆောင်ရွက်ရန်၊ လမ်းခင်း ကျောက်များ သတ်မှတ် အရွယ်အစား အတိုင်းရအောင် ခွဲစိတ်၍ဆောင်ရွက် သွားရေးတာဝန်ခံ အင်ဂျင်နီယာများက အနီးကပ် ကြီးကြပ်သွားကြရန်၊ အင်စွပ် တံတားနှင့် ဖုန်အင်တံတားတို့ တံတား ဟောင်းသံပေါင်များအား အမြန် ဖြုတ် သိမ်းထားရန်၊ ဖုန်အင်တံတား၏ မြစ်ကြီးနားဘက်ခြမ်း ကမ်းကပ်ခုံအနီး ရေမြောင်းအား ရေထုတ်ပိုက် စနစ်တကျ ဆောင်ရွက်သွားရန်၊ မလိခ မြစ်ရေ တိုက်စားသော နေရာတွင် မြေထိန်း နံရံ ဆောင်ရွက်ရာတွင် အခြေခံ အုတ်မြစ်ကို စနစ်တကျ တွက်ချက် ဆောင်ရွက် သွားကြ ရန်မှာကြား ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment