Tuesday, May 29, 2018

တာချီလိတ်၌ အစားထိုးသီးနှံ နှစ်ချင်းမျိုးစေ့၊ နှစ်ရှည်ပျိုးပင်နှင့် ဓာတ်မြေသြဇာထောက်ပံ့

Image may contain: one or more people
တာချီလိတ် မေ ၂၈
အစားထိုးသီးနှံ နှစ်ချင်းမျိုးစေ့၊နှစ်ရှည် ပျိုးပင်နှင့် ဓာတ်မြေသြဇာပေးအပ်ပွဲ ကို မေ ၂၄ ရက် နံနက် ၁ဝ နာရီခွဲက တာချီလိတ်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့စု(၃ဝ) တာချီလိတ်မှ တပ်ဖွဲ့စုမှူး ရဲမှူးစိုးနိုင်က အဖွင့် အမှာစကားပြောကြားပြီး ခရိုင် စိုက် ပျိုးရေးဦးစီးဌာနမှ ခရိုင်မျိုးစေ့ တာဝန်ခံ ဦးအေးကိုက ပေးအပ် သည့် မျိုးစေ့၊ ပျိုးပင်များအကြောင်း ရှင်းလင်းပြောကြားကာ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းခင်ဇော်လတ်က အခမ်းအနား ပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့် ဖြန့်ဖြူးပေးသည့် မျိုးစေ့၊ ပျိုးပင်နှင့် သွင်းအားစု ဓာတ်မြေသြဇာများအား တောင်သူများအနေဖြင့် ထိထိ ရောက်ရောက် အကျိုးရှိရှိ အသုံးချ စိုက်ပျိုး အောင်မြင်စေရေးအတွက် လုပ်ငန်းစဉ်များနှင့် ဝန်ထမ်းများက ကွင်းထဲအရောက် စိုက်စနစ် မှန်ကန် စေရေး ကြီးကြပ်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မူးယစ်တပ်ဖွဲ့စု(၃ဝ)မှ ရဲမှူးစိုးနိုင်နှင့် တာဝန်ရှိသူများက ဘိန်းအစားထိုး စိုက်ပျိုးသီးနှံများဖြစ် သည့်GW-1အထွက်ကောင်း စပ်မျိုး စပါးမျိုးစေ့ ၁ဝဝ ဧကအတွက် ကီလို ၇ဝဝ၊ အစေ့ထုတ်ပြောင်း စီပီ-၂၈၈ မျိုး ကီလို ၄ဝ၊ နှစ်ရှည်ပျိုးပင်လျှော် ဖြူပင် ငါးဧကစာအတွက် ပျိုးပင်များ သွင်းအားစု ဓာတ်မြေသြဇာ ကီလို ၅ဝ ၁၆အိတ်တို့အား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တောင်သူ များထံသို့ ပေးအပ်ခဲ့သည်။
မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက မြန်မာ၊ ရှမ်း၊ လားဟူ ဘာသာများဖြင့် ထုတ်ဝေထားသော ပညာပေးလက် ကမ်းစာစောင်များနှင့် အီးအမ်ဘိုကာ ရှီ ပြုလုပ်သုံးစွဲနည်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေး ခဲ့သည်။
ဝေယံလင်း(ပြန်/ဆက်)

No comments:

Post a Comment