Wednesday, May 30, 2018

လေပြင်းတိုက်ခတ်ခံရသည့် ရွှေပြည်သာမြို့နယ်အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် စစ်ဆေး

Image may contain: 12 people, people standing, tree and outdoor
ရန်ကုန် မေ ၂၉
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာ မြို့နယ်တွင် ယနေ့နံနက် ၃ နာရီခန့် က လေပြင်းတိုက်ခတ်မှုကြောင့် အမှတ် (၈) ရပ်ကွက်၊ အမှတ် (၉) ရပ်ကွက်၊ အမှတ် (၁၁) ရပ်ကွက်၊ အမှတ်(၁၉)ရပ်ကွက်၊ အမှတ်(၂ဝ)ရပ် ကွက်တို့ရှိ နေအိမ်တချို့ အမိုးလန်ခြင်း နှင့် ပြိုလဲခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါနေရာသို့ ယနေ့နံနက် ၉ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း သွားရောက်ကြည့်ရှုပြီး သက်ဆိုင်ရာ တာဝန်ရှိသူများအား ပြိုလဲသွားသည့် သစ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ မီးကြိုးများ ပြန်လည်တပ်ဆင်ခြင်း စသည်တို့ကို အမြန်ဆုံးဆောင်ရွက် ပေးနိုင်ရန် လမ်းညွှန်မှာကြားခဲ့သည်။
''လေပြင်းတိုက်ခတ်မှုကြောင့် အိမ် အလုံးနှစ်ရာလောက် ထိခိုက် ပျက်စီးသွားပါတယ်၊ တချို့ ဓာတ်တိုင်တွေလည်း လဲသွားတာ ဖြစ်တဲ့အတွက် ဒီအခြေအနေကို ဒီနေ့ ညနေမှာ ရပ်ကွက်နေပြည်သူတွေ အဆင်ပြေ ချောမွေ့စေဖို့အတွက် ကျွန်တော်တို့ အမြန်ဆုံးကြီးကြပ် ကွပ်ကဲမှုတွေ ဆောင်ရွက်နေပါတယ်၊ ဒီလိုမလုပ်ရင် ဒီညမှာ မီးမရတဲ့ သူတွေ၊ ရေမရတဲ့သူတွေ၊ နေရေး ထိုင်ရေး အခက်အခဲဖြစ်တဲ့သူတွေ ဖြစ်လာနိုင်စရာအကြောင်းရှိပါတယ်'' ဟု ဝန်ကြီးချုပ်က ပြောသည်။
အဆိုပါ လေဘေးသင့်နေရာသို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုပြီး လိုအပ်သည်များကို ဌာန အလိုက် ပူးပေါင်းဆောင်ရွက်နိုင်ရေး အနီးကပ် လမ်းညွှန်မှာကြားလျက် ရှိကြောင်း သိရသည်။
ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ရှိ မြို့နယ်တချို့တွင် လေပြင်းတိုက် ခတ်မှုကြောင့် သစ်ပင်များပြိုလဲခြင်း များ ဖြစ်ပေါ်လျက်ရှိကြောင်း သိရ သည်။
ဇာနည်မောင်

No comments:

Post a Comment