Tuesday, May 29, 2018

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ/ပိုစတာပြိုင်ပွဲ မြစ်ကြီးနား၌ ကျင်းပ

Image may contain: 2 people, people sitting, people standing and indoor
မြစ်ကြီးနား မေ ၂၈
ကချင်ပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်း ဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်း အမှတ် (၂၁)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာ ပန်းချီ၊ ပိုစတာပြိုင်ပွဲကို မေ ၂၇ ရက် နံနက် ၇ နာရီက မြစ်ကြီးနားမြို့ ရှမ်းစု တောင်ရပ်ကွက်ရှိ ကွန်ပျူတာ တက္ကသိုလ်၌ ကျင်းပခဲ့သည်။
ပန်းချီပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ ၁၄ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ ၂ဝ၊ အထက်တန်းအဆင့် တစ်ဦး၊ ကာတွန်းပြိုင်ပွဲတွင် မူလတန်း အဆင့် ကျောင်းသား ငါးဦး၊ အလယ် တန်းအဆင့် ကျောင်းသား ကျောင်း သူ ခြောက်ဦး၊ အထက်တန်းအဆင့် တစ်ဦး၊ ပိုစတာပြိုင်ပွဲတွင် မူလတန်း အဆင့် ကျောင်းသား ရှစ်ဦး၊ အလယ် တန်းအဆင့် ကျောင်းသား ကျောင်း သူ ခြောက်ဦးနှင့် ကွန်ပျူတာပန်းချီ ပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ လေးဦး၊ အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူ နှစ်ဦးတို့ ပါဝင်ယှဉ်ပြိုင် ခဲ့ကြသည်။
ပြိုင်ပွဲကျင်းပရာသို့ ကချင်ပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေတတ်သော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကချင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသူရ မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမြင့်လွင်၊ ကချင် ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထက်လွင်၊ ပြည်နယ်ပညာရေးမှူး (ညွှန်ကြားရေးမှူး) ဒေါ်ခင်သန်းနွဲ့နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။
ဦးလေးကြီး

No comments:

Post a Comment