Wednesday, May 2, 2018

နေပြည်တော်ဘူတာကြီး၌ မြန်မာ့မီးရထား၏ (၁၄၁)နှစ်မြောက် နှစ်ပတ်လည်နေ့နှင့် ထူးချွန်ဆုများ ချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

Image may contain: 3 people, people standing and indoor
နေပြည်တော် မေ ၁
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား၏ (၁၄၁)နှစ်မြောက် နှစ်ပတ်လည်နေ့နှင့် ထူးချွန်ဆုများ ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဘူတာကြီးရှိ ဘဝသံသရာခန်းမ၌ ကျင်းပ သည်။ အခမ်းအနားသို့ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး ဦးသူရိန်ဝင်း၊ အထွေထွေမန်နေဂျာများ၊ ဒုတိယအထွေထွေမန်နေဂျာများ၊ မြန်မာ့မီးရထား တိုင်း ၁၁ ခုမှ တိုင်းအရာရှိများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ရှေးဦးစွာ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး ဦးသူရိန်ဝင်းက အမှာစကားပြောကြားသည်။
ယင်းနောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပရာ ၂ဝ၁၇-၂ဝ၁၈ ခုနှစ် တစ်နှစ်တာအတွင်း အကောင်းဆုံး တိုင်းပထမရရှိသော တိုင်းအမှတ်(၂) ရွာထောင်၊ ဒုတိယအကောင်းဆုံးရရှိသော တိုင်းအမှတ်(၄) ကလော၊ တတိယ အကောင်းဆုံးရရှိသော တိုင်းအမှတ်(၈) မော်လမြိုင်တို့အား မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးက လည်းကောင်း၊ ၂ဝ၁၇-၂ဝ၁၈ ခုနှစ် တစ်နှစ်တာ အတွင်း အကောင်းဆုံးစက်ရုံဆုရရှိသော လူစီးတွဲနှင့် ကုန်တွဲစက်ရုံ(မြစ်ငယ်)အား အထွေထွေမန်နေဂျာ(စက်မှုနှင့်လျှပ်စစ်)က လည်းကောင်း၊ အကောင်းဆုံး စက်ရုံဆုရရှိသော ကွန်ဖားစက်ရုံ(ဥသျှစ်ပင်)အား အထွေထွေမန်နေဂျာ(မြို့ပြ)က လည်းကောင်း၊ မြန်မာ့မီးရထား(ရုံးချုပ်)ရှိ ဌာနများမှ သန့်ရှင်းရေး အကောင်းဆုံးဆုရရှိသော စီမံကိန်းနှင့် အုပ်ချုပ်ရေးဌာနအား အထွေထွေ မန်နေဂျာ(စစ်ဆေးရေး) ဦးဘမြင့်က လည်းကောင်း၊ အကောင်းဆုံးဆေးရုံဆု ရရှိသည့် (ရွာထောင်)ဆေးရုံအား အထွေထွေမန်နေဂျာ (အင်ဂျင်နီယာ/စီမံ)က လည်းကောင်း ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
သတင်းစဉ်

No comments:

Post a Comment