Wednesday, May 2, 2018

တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးထူထောင်ရန်ဒိုမီနီကန်ဆုံးဖြတ်ချက်ကို တရုတ်တိုင်ပေ ဝေဖန်

Image may contain: 1 person, standing and suit
ဆန်တိုဒိုမင်ဂို မေ ၁
ကာရစ်ဘီယန်ဒေသရှိ ဒိုမီနီကန်သမ္မတနိုင်ငံ သည် မေ ၁ ရက်မှ အစပြု၍ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်လိုက်ပြီဖြစ်ကြောင်း၊ ယင်းနိုင်ငံသည် တရုတ်တိုင်ပေနှင့် တည်ဆောက်ခဲ့သော သံတမန်ဆက်ဆံရေးကို ဖြတ်တောက်ကာ တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်ခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာသတင်း ဌာနများက သတင်းထုတ်ပြန်သည်။
ဝမ်းနည်းဖွယ်
မိမိတို့နှင့် သံတမန်ဆက်ဆံရေးထားရှိမှုကို အဆုံးသတ်ရန် ဒိုမီနီကန်သမ္မတနိုင်ငံ၏ဆုံးဖြတ် ချက်မှာ အလွန်အမင်း ဝမ်းနည်းဖွယ်ရာ ကောင်းကြောင်း တရုတ်တိုင်ပေ တာဝန်ရှိသူ များက ပြောကြားကြသည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့ဇာတ်ခုံပေါ်တွင် စီးပွားရေးနှင့် နိုင်ငံရေး တို့အရ အင်အားကြီးထွားမှုကို ပြသလာချိန် အတွင်း ဒိုမီနီကန်သမ္မတနိုင်ငံက တရုတ်နိုင်ငံ ဘက်မှ ရပ်တည်လာခြင်းဖြစ်ကြောင်း ၎င်းတို့ က ပြောကြားကြသည်။
စေလွှတ်မည်
တရုတ်နိုင်ငံနှင့် ဆက်ဆံရေးတိုးတက် ကောင်းမွန်လာခြင်းဖြင့် မိမိတို့၏အနာဂတ်ဘဝ မှာ အပေါင်းလက္ခဏာများ ပြသလာမည်ဖြစ် ကြောင်း ဒိုမီနီကန်အစိုးရအဖွဲ့က ပြောကြား သည်။ ဒိုမီနီကန်သမ္မတနိုင်ငံနှင့် တရုတ်နိုင်ငံ တို့သည် မြန်နိုင်သမျှအမြန်ဆုံး သံအမတ် ကြီးများကို အပြန်အလှန်စေလွှတ်ကြမည်ဟု ဆိုသည်။
ထိုစဉ်အတွင်း တရုတ်တိုင်ပေအစိုးရ အဖွဲ့က အရေးပေါ်ခေါ်ယူသည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် ဒိုမီနီကန်အစိုးရ အဖွဲ့၏ သံတမန်ရေးဘက်ပြောင်းမှုနှင့် ပတ်သက်၍ အလွန်အမင်းဝမ်းနည်းမိကြောင်း ထုတ်ဖော်ပြောဆိုသည်။ တရုတ်နိုင်ငံ စီးပွား ရေးနှင့် နိုင်ငံရေးတို့အရ ကမ္ဘာ့အလယ် အင်အားကြီးထွားမှုကို ပြသလာချိန်တွင် 'ဒေါ်လာသံတမန်ရေးဆက်ဆံမှု'အရ တရုတ် နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင် လိုက်ခြင်းဖြစ်ကြောင်း တရုတ်တိုင်ပေ နိုင်ငံ ခြားရေးဝန်ကြီး ဂျိုးဇက်ဝူးက ဝေဖန်ပြောကြား သည်။
ဒိုမီနီကန်သမ္မတနိုင်ငံနှင့် ၇၇ နှစ်ကြာမျှ မဟာမိတ်ပြုခဲ့ရမှုမှာ အဆုံးသတ်ခဲ့ပြီဖြစ် ကြောင်း ဝန်ကြီးဝူးက ပြောကြားသည်။
ထိုစဉ်အတွင်း ဒိုမီနီကန်အစိုးရအဖွဲ့က ပြောကြားရာတွင် တရုတ်နိုင်ငံသည် တစ်နိုင်ငံ တည်းသာရှိကြောင်း၊ တရုတ်တိုင်ပေသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နယ်မြေ တစ်စိတ်တစ်ပိုင်းသာလျှင် ဖြစ်ကြောင်း အကြောင်းပြသည်။
အေအက်ဖ်ပီ

No comments:

Post a Comment