Tuesday, May 1, 2018

ကလပ်အသင်းနည်းပြအဖြစ်သာ လုပ်ဆောင်လိုသောကြောင့် အီတလီနည်းပြအဖြစ် ကမ်းလှမ်းလာမှုကို အန်စလော့တီ ငြင်းဆို

Image may contain: 1 person
နည်းပြ အန်စလော့တီသည် ကလပ်အသင်းနည်းပြအဖြစ်သာ တာဝန်ထမ်းဆောင်လိုသောကြောင့် အီတလီနိုင်ငံ လက်ရွေးစင်အသင်းနည်းပြအဖြစ် ကမ်းလှမ်းလာမှုကို ငြင်းဆိုခဲ့ကြောင်း သိရသည်။
အီတလီနိုင်ငံလက်ရွေးစင်အသင်းသည် ရုရှားနိုင်ငံ တွင် ကျင်းပမည့် ၂ဝ၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဝင်ခွင့် မရရှိခဲ့ခြင်းကြောင့် နည်းပြ ဗန်တူရာကို အသင်းနည်းပြ အဖြစ်မှ ထုတ်ပယ်ခဲ့သည့်နောက်ပိုင်း အမြဲတမ်းတာဝန်ယူ ကိုင်တွယ်မည့် နည်းပြမရှိဘဲ နည်းပြလက်မဲ့ဖြစ်နေရ သည့်အသင်း ဖြစ်သည်။
အန်စလော့တီသည် ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက ဘိုင်ယန်မြူးနစ်အသင်းနှင့် လမ်းခွဲခဲ့သူဖြစ်ပြီး လွန်ခဲ့သည့်တစ်ပတ်က ထွက်ပေါ်လာသော သတင်းများ အရ အန်စလော့တီမှာ အီတလီဘောလုံးအဖွဲ့ချုပ်နှင့် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
သို့ရာတွင် အန်စလော့တီအနေဖြင့် အီတလီနည်းပြ အဖြစ် ကမ်းလှမ်းလာမှုကို ငြင်းဆိုထားကြောင်းနှင့် ကလပ် အသင်းနည်းပြအဖြစ် ဆက်လက်တာဝန်ယူကိုင်တွယ် လိုကြောင်း ပြောကြားခဲ့သည်။ အန်စလော့တီမှာ အာဆင်နယ်အသင်းမှ နည်းပြ အာစင်ဝင်းဂါး ထွက်ခွာတော့ မည်ဖြစ်သောကြောင့် အာဆင်နယ်အသင်း နည်းပြဖြစ်လာ မည်ဟုလည်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
လက်ရှိတွင် အီတလီလက်ရွေးစင်အသင်းနည်းပြ အဖြစ် ရောဘတ်တိုမန်စီနီနှင့် ကလော်ဒီယိုရာနီရီတို့ နှစ်ဦးအနက်မှ တစ်ဦးဖြစ်လာနိုင်ကြောင်း သိရသည်။ မန်စီနီမှာ လတ်တလောတွင် ရုရှားကလပ်ဇင်းနစ်အသင်း နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်လျက်ရှိပြီး ကလပ် အသင်းနည်းပြဘဝတွင် အီတလီမှာရော အင်္ဂလန်မှာပါ ပြည်တွင်းလိဂ်ဖလားများကို ရယူပေးနိုင်ခဲ့သူဖြစ်သည်။
ကလော်ဒီယိုရာနီရီသည် ၂ဝ၁၆ ခုနှစ်အတွင်းက လက်စတာစီးတီးအသင်းကို ပရီမီယာလိဂ်ချန်ပီယံအဖြစ် ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး လက်ရှိတွင်မူ ပြင်သစ်ပထမတန်းကလပ် နန့်တက်စ်အသင်းနည်းပြအဖြစ် တာဝန်ယူကိုင်တွယ်လျက်ရှိကြောင်း သိရသည်။
ငွေကြယ်

No comments:

Post a Comment