Tuesday, May 1, 2018

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ်တိုက်မှုဖြစ်၍ ၁၁ ဦး ဒဏ်ရာရ

Image may contain: outdoor
နေပြည်တော် ဧပြီ ၃ဝ
ကျောက်တံခါးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် (၈၃/၆-၇)ကြား၌ ဧပြီ ၂၉ ရက် နံနက် ၃ နာရီ ၄၅ မိနစ်က နေပြည်တော်မှ ရန်ကုန်သို့ ပြည်ကြီး တံခွန်မြို့နယ် အရာတော်ရပ်ကွက်နေ ကျော်ဇင်ဝင်း(၃၂)နှစ် မောင်းနှင်ပြီး ခရီးသည် ၃၄ ဦးတို့ လိုက်ပါလာသည့် ခရီးသည်တင်ယာဉ်သည် လားရာတူ ရှေ့မှ လမ်းလယ်ကျွန်းလမ်းဘက်သို့ ဖြတ်ကူးရန် အချက်ပြမီးဖွင့်၍ အရှိန်လျှော့ထားသည့် တောင်သာ မြို့နေ သန်းနိုင်ဝင်း (၃၉)နှစ် မောင်းနှင်ပြီး ဦးကျော်တင့် (၅၉)နှစ်ပါ ၁ဝ ဦးတို့ လိုက်ပါလာသည့် ယာဉ်၏နောက်ပိုင်းအား ဝင်ရောက်တိုက်မိရာ ယာဉ်မှာ တိမ်းမှောက်သွားခဲ့သဖြင့် ယာဉ်မောင်း သန်းနိုင်ဝင်းပါ ၁၁ ဦး တို့တွင် ဒဏ်ရာများ(မစိုးရိမ်ရ) ရရှိခဲ့ သောကြောင့် ကျော်ဇင်ဝင်းအား မြို့ချောင်း အမြန်လမ်းမကြီးရဲစခန်းက အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား

No comments:

Post a Comment