Tuesday, May 1, 2018

ရောဘတ်တိုဖာမီနို လီဗာပူးအသင်းနှင့် ကာလရှည်စာချုပ်သစ် ချုပ်ဆို

Image may contain: 1 person, smiling
တိုက်စစ်မှူး ရောဘတ်တိုဖာမီနိုသည် လီဗာပူးအသင်းနှင့် ကာလရှည် စာချုပ်သစ်တစ်ရပ် ချုပ်ဆိုလိုက်ပြီ ဖြစ်ကြောင်း လီဗာပူးအသင်းက တရားဝင်ကြေညာလိုက်ပြီ ဖြစ်သည်။
ယင်းသို့ စာချုပ်ချုပ်ဆိုခဲ့ပြီး နောက် တိုက်စစ်မှူး ရောဘတ်တိုဖာ မီနိုက ''အခုလို စာချုပ်သစ်ချုပ်ဆိုဖို့ ဆုံးဖြတ်ချက်ချတာဟာ အင်မတန် လွယ်ကူပါတယ်၊ ဘာလို့လဲဆိုရင် လီဗာပူးအသင်း တစ်သင်းလုံးရဲ့ ထောက်ပံ့မှုနဲ့အတူ ကျွန်တော် လုပ်ရ မယ့်အလုပ်တွေလုပ်ခဲ့လို့ အောင်မြင်မှု တွေရရှိခဲ့တာပါ၊ အခုလည်း လီဗာပူး အသင်းမှာ အလွန်ကိုပျော်နေပါတယ်'' ဟု လီဗာပူးအသင်းသို့ အသင်း၏ တရားဝင်ဝက်ဘ်ဆိုက်မှ တစ်ဆင့် ပြောကြားခဲ့သည်။
ထို့ပြင် ရောဘတ်တိုဖာမီနိုက ''အရာရာတိုင်းကို ကောင်းမွန်သင့်လျော် တဲ့ နည်းလမ်းတွေနဲ့ပဲ လုပ်ခဲ့တာပါ၊ အသင်းရဲ့ကစားဖော်တွေရဲ့စိတ်ဓာတ် ပိုင်းဆိုင်ရာကိုလည်း လေးစားပါတယ်၊ သူတို့နဲ့အတူ ကစားရတာကို အင်မတန်ဝမ်းမြောက်မိပါတယ်''ဟု ဆက်လက်ပြောကြားခဲ့သည်။
တိုက်စစ်မှူး ဖာမီနိုသည် ၂ဝ၁၅ ခုနှစ် နွေရာသီအပြောင်းအရွှေ့ကာလ အတွင်းက ဂျာမန်ဘွန်ဒက်လီဂါကလပ် ဟော်ဖန်ဟိမ်းအသင်းမှ လီဗာပူး အသင်းသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး လီဗာပူးအသင်းနှင့်အတူ ပွဲပေါင်း ၁၄ဝ ပါဝင် ကစားပေးထားကာ သွင်းဂိုး ၅ဝ အထိ သွင်းယူထားနိုင် ခဲ့သူဖြစ်သည်။
သို့ရာတွင် ယခုနှစ်ဘောလုံး ရာသီမှာ ဘရာဇီးတိုက်စစ်မှူး ဖာမီနို၏ လီဗာပူးကစားသမားဘဝတစ်လျှောက် အကောင်းဆုံးရာသီဖြစ်ခဲ့ရပြီး လီဗာပူး အသင်း၏ တိုက်စစ်ပိုင်းတွင် ဆာလက်၊ မာနေးနှင့် ဖာမီနိုတို့ အတွဲညီညီချီတက် နိုင်ခဲ့ခြင်း၏ ရလဒ်ပင်ဖြစ်သည်။
ငွေကြယ်

No comments:

Post a Comment