Saturday, May 26, 2018

အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံရေးစတင်

Image may contain: 1 person, eyeglasses and closeup
ပညာရေးဝန်ကြီးဌာနက ''ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေးနှင့် ကျောင်းထွက်သူပပျောက်ရေး ပြည်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ပေး''ဟူသော ဆောင်ပုဒ်ဖြင့် မေ ၂၅ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ထုတ်ပြန်ကြေညာထားရာ ယနေ့မှစ၍ တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူများအား မိဘအုပ်ထိန်းသူများက ကျောင်းအပ်နှံပေးကြသည်ကို တွေ့ရသည်။ ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် ကျောင်းစတင်အပ်နှံခြင်းများနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာမကြီး၊ ဆရာမ၊ ကျောင်းသား ကျောင်းသူများနှင့် မိဘများကို မြန်မာ့သတင်းစဉ်က တွေ့ဆုံမေးမြန်းသည်များကို ဖော်ပြလိုက်ရပါသည်။
ဒေါ်မြင့်မြင့်သိန်း (အထက-၄၊ ပုဇွန်တောင်၊ ကျောင်းအုပ်ကြီး)
ကျောင်းဖွင့်တော့မယ်ဆိုတော့ ကျောင်းရဲ့အတွင်း၊ အပြင်သန့်ရှင်းရေး၊ ရေ၊ သောက်ရေသန့်ရရှိရေး၊ စာသင်ခန်း၊ စာသင်ခုံတွေပြည့်စုံရေး၊ ပြီးရင် နိုင်ငံတော်ကပံ့ပိုးတဲ့ ကျောင်းဝတ်စုံတွေ၊ ကျောင်းသုံးဖတ်စာအုပ်တွေ ပြည့်ပြည့် စုံစုံပေးနိုင်အောင် စီစဉ်ထားပါတယ်။ ဘာကြေးမှ မကောက်ခံပါဘူး။ မူလတန်း ကနေ အထက်တန်းအထိကို ကျောင်းသုံးဖတ်စာအုပ်တွေ အခမဲ့၊ မူလတန်းကို ကျောင်းဝတ်စုံတစ်စုံစီအပြင် ဗလာစာအုပ် ခြောက်အုပ်စီပေးတယ်။ ကျောင်းသား သစ်တွေအနေနဲ့ သက်ဆိုင်ရာကျောင်းရှိတဲ့ မြို့နယ်အလိုက်နေထိုင်တဲ့ ကျောင်းသားတွေကို လက်ခံပါတယ်။ ကျောင်းသားဟောင်းတွေအတွက်က ဘယ်အခန်းမှာ တက်ရမယ်ဆိုတာ ခွဲထားပေးတယ်။ အချိန်ဇယားလည်း ကပ်ထားတယ်။ ဒုတိယတန်း သင်ရိုးသစ်သင်ဖို့အတွက် သင်တန်းတွေ ပေးထား ပြီးဖြစ်ပါတယ်။ အားလုံး အဆင်သင့်လည်းဖြစ်နေပါတယ်။
မိဘတွေကို ကျယ်ကျယ်ပြန့်ပြန့်သိစေချင်တာက အခုသွားနေတဲ့ စနစ် သစ်ပညာရေးက ကလေးတွေကိုယ်တိုင် လုပ်ဆောင်နိုင်ရမယ်၊ စဉ်းစားနိုင် ရမယ်၊ တွေးခေါ်နိုင်ရမယ်၊ တီထွင်ဖန်တီးနိုင်ရမယ်။ အများနဲ့ ပူးပေါင်းဆောင် ရွက်တတ်ရမယ်၊ အချင်းချင်းရိုင်းပင်းကူညီရမယ် အဲဒီစိတ်ဓာတ်တွေ အဓိက အခြေခံပြီးတော့ ဆရာမတွေက သင်ပေးမယ်။ အခြေခံမှာ ဂီတ၊ ပန်းချီတွေက အစ သူတို့ဝါသနာပါတဲ့ လမ်းကြောင်းကိုလိုက်ရမယ်။ အဲဒါတွေကို မိဘတွေက လည်း နားလည်ဖို့လိုတယ်၊ ဝိုင်းဝန်းပူးပေါင်း ပါဝင်လုပ်ဆောင်ပေးဖို့ လိုတယ်။ တစ်နှစ်နဲ့တစ်နှစ် ပညာရေးစနစ်ပြောင်းလဲမှုအပေါ် မိဘတွေက နားလည်ဖို့လို တယ်။ ကလေးတွေရဲ့ဝါသနာအလိုက် မိဘတွေက နားလည်ပြီး ကိုယ့်သားသမီး ဝါသနာပါတဲ့အရာကို ငယ်စဉ်ကတည်းက လိုက်ပြီးဖြည့်စွမ်းပေးရမယ်။ အဲဒီ အတွက် ဒီစနစ်သစ်ရဲ့ ပညာရေးပြောင်းလဲမှုကို မိဘတွေသဘောပေါက်ဖို့လိုပါ တယ်။
ဒေါ်မြင့်မြင့်ဝင်း (အထက-၄၊ ပုဇွန်တောင်၊ မူလတန်းအတန်းမှူး)
ဒီနှစ် ဒုတိယတန်းသင်ရိုးသစ်က ၁ဝ ဘာသာရှိတယ်၊ သင်ရိုးဟောင်းလို ဆရာက ဦးဆောင်သင်တာမျိုးမဟုတ်ဘဲ ကျောင်းသား ကျောင်းသူတွေကိုယ်တိုင် ပူးပေါင်းပါဝင်ရမယ်၊ ကလေးတွေကို ဆွေးနွေးတယ်၊ ရသ၊ ပန်းချီတို့ကို လေးယောက်တစ်ဖွဲ့ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ရတယ်။ အတန်းခုံ ဖွဲ့စည်းပုံ ဇယားအရ ပြောင်းလဲမှုရှိပါတယ်။ သွင်ပြင်လက္ခဏာနဲ့အညီ အခု သင်ရိုးသစ် သင်မယ့် ဆရာမတွေက တက်တက်ြ<ွကြ<ွက ပါဝင်လာပါတယ်။ ကလေးတွေ အတွက် ပိုမိုထိရောက်အောင်မြင်မယ်လို့ ထင်ပါတယ်။
ဒုတိယတန်း သင်ရိုးသစ်အတွက် ကျွန်မတို့ ခရိုင်အဆင့်မှာ ၁၄ ရက် တက်ရပါတယ်။ မြို့နယ်မှာရှိတဲ့ ဆရာမ ၅၆ ယောက်ကို ပြန်ပြီးပို့ချရပါတယ်။ ကလေးတွေအတွက် ဒီနှစ်ကနေစပြီး Grade-2 တန်းအတွက် ဖတ်စာအုပ်တွေ ပြောင်းလဲတာရယ်၊ သင်ရိုးပါတဲ့စာတွေကလည်း ပြောင်းလဲမှုတွေရှိတယ်။ အတန်းထဲမှာပဲ စစ်ဆေးအကဲဖြတ်တဲ့ ဇယားနဲ့ စစ်ဆေးပါတယ်။ ပုံမှန်စစ်ဆေး တာ နှစ်ကြိမ်လုပ်မယ်။ သင်ခန်းစာတစ်ခုပြီးတိုင်း အကဲဖြတ်စစ်ဆေးခြင်းဆိုတာ ပါပါတယ်။ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဆင့် သင်ကြားမှုဘာသာရပ် အလိုက် ဝိဇ္ဇာ၊ သိပ္ပံသင်ကြားမှုအပြင် ဂီတ၊ အနုပညာ၊ ပန်းချီ၊ စာရွက်ခေါက်ပုံ ခေါက်နည်းလေးတွေကို ကလေးတွေကိုယ်တိုင် ပါဝင်ရပါမယ်။ အပင်အကြောင်း ဆိုရင် အပင်၊ အရွက်၊ အသီးတွေကို ပုံတွေဆွဲရတယ်။ သစ်ရွက်တွေကိုလည်း ကိုယ်တိုင်စုစည်းရတယ်။
ဒုတိယတန်းသင်ရိုးသစ် ဘာသာရပ်တွေက မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ လူမှုရေး၊ သိပ္ပံ၊ ဘဝတွက်တာကျွမ်းကျင်စရာ၊ စာရိတ္တပြည်သူ့နီတိ၊ ပန်းချီ၊ ဂီတ၊ ကာယ အားလုံး ၁ဝ ဘာသာရှိပါတယ်။ ကလေးတွေအတွက်က တော်တော့်ကို ကောင်းပါတယ်။ ကလေးတွေကိုယ်တိုင်ပါဝင်တဲ့ သင်ကြားမှုပါ။ ကိုယ်သိတာလေးကို မျှဝေတဲ့သဘောပါ။ ကလေးတွေ စိတ်ပါဝင်စားစွာ ပူးပေါင်းပါဝင်လာအောင် ဆရာတွေကလည်း အခက်အခဲတွေကို ပူးပေါင်း ဆောင်ရွက်ပေးရတယ်။ ကမ္ဘာ့အဆင့်မီ တခြားနိုင်ငံတွေလို ကလေးတွေရဲ့ Óဏ်ရည်Óဏ်သွေးထက်မြက်လာအောင် သင်ပေးနိုင်မယ်လို့ မျှော်လင့်ထားပါ တယ်။
ဦးအောင်ကိုညွန့် (ကျောင်းသားမိဘ)
ကျွန်တော့်သားနဲ့သမီးက အထက(၁)ဒဂုံမှာ ဒသမတန်းနဲ့ အဋ္ဌမတန်းမှာ ပညာသင်ကြားနေပါတယ်။ ဒီနေ့ကျောင်းအပ်လက်ခံမှာ ဖြစ်တဲ့အတွက် ကျောင်းလာအပ်တာပါ။ ကျောင်းအပ်တဲ့အခါ ဆရာ ဆရာမတွေက အစစ အရာရာ ကူညီပေးပါတယ်။ ဖတ်စာအုပ်တွေနဲ့ ကျောင်းတံဆိပ်တွေအားလုံး အခမဲ့ပေးပါတယ်။ ကျောင်းအပ်တဲ့အခါ ဝင်ကြေးကောက်ခံခြင်းမရှိပါဘူး။ အားလုံးအခမဲ့ပါ။ ကျောင်းသားအတွက် ကျောင်းအပ်ရာမှာ ငွေကြေးကောက်ခံ ခြင်းမရှိတဲ့အတွက် မိဘတိုင်း ကျောင်းနေအရွယ်ကလေးတွေ ကျောင်းအပ်နိုင်ပြီး ပညာသင်ကြားမှု အခက်အခဲမရှိဘူးလို့ ထင်ပါတယ်။
မဖူးပြည့်ကို (အထက-၁၊ ဒဂုံ၊ အဋ္ဌမတန်း)
ဒီနေ့ကျောင်းအပ်နှံရေးနေ့ဖြစ်တဲ့အတွက် ကျောင်းလာအပ်ပါတယ်။ သမီးတို့ကို ဆရာ ဆရာမတွေက အခက်အခဲမရှိအောင် လုပ်ပေးပါတယ်။ ကျောင်းက ဖတ်စာအုပ်တွေ အခမဲ့ဖြန့်ဝေပေးပါတယ်။ ငွေကြေးလုံးဝကောက်ခံ ခြင်းမရှိပါဘူး။ အစစအရာရာ အဆင်ပြေပါတယ်။ မိဘတွေငွေကုန်ကျမှု မရှိတဲ့အတွက် အခက်အခဲမရှိပါဘူး။ မိဘတွေအားလုံး အခက်အခဲမရှိတဲ့ အတွက် ကျောင်းနေအရွယ်ကလေးတွေ ကျောင်းအပ်နိုင်ပါတယ်။ ကျောင်းဖွင့် ရက် သူငယ်ချင်းတွေနဲ့ ပြန်တွေ့ရတော့မှာဖြစ်လို့ ပျော်နေပါတယ်။
ဒေါ်သဲမွန် (ကျောင်းသားမိဘ)
ကျွန်မကလေးတွေက အထက(၄)ပုဇွန်တောင်မှာ ပထမတန်းနဲ့ တတိယ တန်းမှာ ပညာသင်ကြားမှာပါ။ ကလေးတွေကို ကျောင်းကဖတ်စာအုပ်တွေ အခမဲ့ဖြန့်ဝေပါတယ်။ ငွေကြေးကောက်ခံမှုမရှိဘူး။ ကျောင်းဝတ်စုံတွေလည်း ပေးမယ်လို့ ကြားပါတယ်။ ကျောင်းသားမိဘတွေအတွက် အဆင်ပြေပါတယ်။ ကလေးတွေအတွက် ပညာသင်ကြားရာမှာ အထောက်အပံ့ဗဟုသုတရစေမယ့် ဘက်စုံတိုးတက်စေမယ့် ဘာသာရပ်တွေသင်ကြားစေချင်ပါတယ်။ မိဘတိုင်း ကတော့ ပညာတတ်ကြီးဖြစ်စေချင်ပါတယ်။
မောင်အောင်ခန့်မင်း (အထက-၄၊ ပုဇွန်တောင်၊ နဝမတန်း)
ဒီနေ့ကျောင်းအပ်နှံရေးနေ့မှာ ကျောင်းလာအပ်တာပါ။ ကျောင်းက ဖတ်စာအုပ်တွေ၊ ကျောင်းတံဆိပ်တွေ အခမဲ့ဖြန့်ဝေပေးပါတယ်။ ကျောင်းသူ ကျောင်းသားတွေအတွက် လိုအပ်မှုမရှိအောင် ဆရာ ဆရာမတွေက အစစ အရာရာ ကူညီပေးပါတယ်။ ပညာသင်ကြားရာမှာလည်း ကျောင်းသားတွေ နားလည်သဘောပေါက်အောင်၊ ဗဟုသုတရအောင်၊ လိမ္မာယဉ်ကျေးလာအောင် ဆရာ ဆရာမတွေက သင်ကြားပေးပါတယ်။
တွေ့ဆုံမေးမြန်း - ရီရီမြင့်၊ ဥမ္မာသန့်
ဓာတ်ပုံ - သတင်းစဉ်အဖွဲ့

No comments:

Post a Comment