Saturday, May 26, 2018

အကြမ်းဖက်မှုနှိမ်နင်းရေး ဥပဒေအသစ်တစ်ရပ် အင်ဒိုနီးရှားပါလီမန် အတည်ပြု

Image may contain: 1 person
ဂျကာတာ မေ ၂၅
အင်ဒိုနီးရှားနိုင်ငံအတွင်း အကြမ်းဖက်မှုများ အဆက်မပြတ် ဖြစ်ပွားလာခဲ့သဖြင့် အကြမ်းဖက်မှု ဆန့်ကျင်တိုက်ဖျက်ရေး လုပ်ငန်းစဉ်ကို အင်ဒိုနီးရှားအစိုးရက အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိရာ မေ ၂၅ ရက်တွင် အကြမ်းဖက် မှုများ ဆန့်ကျင်တိုက်ဖျက်သည့် ဥပဒေအသစ်တစ်ရပ်ကို ပါလီမန်အမတ်များက တညီတညွတ်တည်း ထောက်ခံ အတည်ပြုခဲ့ကြောင်း ယနေ့သတင်းများအရ သိရသည်။
အကြမ်းဖက်မှုများ တိုက်ဖျက်ချေမှုန်းရာတွင် ရဲအရာရှိ များနှင့် စစ်တပ်ဖွဲ့များအား လုပ်ပိုင်ခွင့်အာဏာနှင့် ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့်များကို အဆိုပါဥပဒေတွင် ခွင့်ပြုပေးထား ကြောင်း သိရသည်။
အကြမ်းဖက်မှုနှင့် ပတ်သက်သူ(သို့မဟုတ်) အကြမ်းဖက်မှုကျူးလွန်ရန် ကြိုးပမ်းသူများအား ယခင်က ခုနစ်ရက်ခန့်သာ ဖမ်းဆီးရန် အခွင့်အာဏာရှိခဲ့သော်လည်း ယခုဥပဒေသစ်တွင် ၂၁ ရက်ခန့် ဖမ်းဆီးထိန်းသိမ်းထားခွင့် ရှိသည်ဟု ပြဋ္ဌာန်းထားသည်။
နိုင်ငံအတွင်းဖြစ်စေ(သို့မဟုတ်) ပြည်ပနိုင်ငံများ တွင်ဖြစ်စေ စစ်သင်တန်းတက်ရောက်သူများ (သို့မဟုတ်) အကြမ်းဖက်အဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်သူ များအား အာဏာပိုင်များက တရားစွဲဆိုနိုင်မည်ဖြစ်သည်ဟု ဥပဒေအသစ်တွင် ပြဋ္ဌာန်းထားကြောင်း သိရသည်။
အိုင်အက်စ်စစ်သွေးကြွအဖွဲ့အား သစ္စာခံသူများက နိုင်ငံအနှံ့အပြားတွင် အသေခံဗုံးဖောက်ခွဲမှုများ အဆက် မပြတ်လုပ်ဆောင်ခဲ့ရာ လူ ၁၃ ဦးသေဆုံးခဲ့ပြီး ရက် အနည်းငယ်အကြာတွင် အဆိုပါအကြမ်းဖက်မှုနှိမ်နင်းရေး ဥပဒေသစ်ကို ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။
အင်န်အိတ်ခ်ျကေ

No comments:

Post a Comment