Saturday, May 26, 2018

မလေးရှားဝန်ကြီးချုပ်ဟောင်း နေအိမ်မှ ငွေသားရင်းဂစ် ၁၁၄ သန်းခန့် သိမ်းဆည်းရမိ

Image may contain: one or more people, car and outdoor
ကွာလာလမ်ပူ မေ ၂၅
မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်၏ နေအိမ် ခြံဝင်းအတွင်းမှ ရင်းဂစ်ငွေ ၁၁၄ သန်း(အမေရိကန် ဒေါ်လာ ၂၉ သန်း)ခန့် တန်ဖိုးရှိ ငွေသားများပါရှိသော အိတ်ပေါင်း ၃၅ အိတ်ကို မိမိတို့သိမ်းဆည်းရမိခဲ့ကြောင်း စီးပွားရေးဆိုင်ရာ မှုခင်းစုံစမ်းစစ်ဆေးရေးဌာန(စီစီအိုင်ဒီ) အကြီးအကဲအမ်မာဆင်းက မေ ၂၅ ရက်တွင် ပြောကြား လိုက်သည်။
နာဂျစ်၏နေအိမ်အတွင်းမှ လက်ဝတ်ရတနာများနှင့် လက်ပတ်နာရီများပါဝင်သော အိတ်ပေါင်း ၃၇ အိတ်ကို လည်း သိမ်းဆည်းရမိခဲ့ပြီး ယင်းပစ္စည်းများ၏ ကာလ ပေါက်တန်ဖိုးကို တွက်ချက်ရခြင်းမရှိသေးကြောင်း စီစီအိုင်ဒီ ဌာနမှူး ဆင်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
သိမ်းဆည်းရမိသော ငွေသားများတွင် ငွေကြေး ၂၆ မျိုး ပါဝင်ကြောင်း၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေအရ မေ ၁၈ ရက်တွင် ၎င်း၏ နေအိမ်ကို တာဝန်ရှိ သူများက စီးနင်းရှာဖွေခဲ့ကြောင်း ဆင်းက ပြောကြားသည်။ ရှာဖွေတွေ့ရှိရသော ငွေကြေးများအနက် မလေးရှား နိုင်ငံသုံး ရင်းဂစ်ငွေနှင့် စင်ကာပူဒေါ်လာတို့က အများဆုံး ဖြစ်သည်။
မြို့တော်ကွာလာလမ်ပူရှိ တိုက်ခန်းသုံးခန်းကို ရဲတပ်ဖွဲ့ က စီးနင်းရှာဖွေခဲ့ရာတွင် လက်ဝတ်ရတနာများ၊ ဖက်ရှင် လက်ကိုင်အိတ်များ၊ ရှူးဖိနပ်များ၊ လက်ပတ်နာရီများနှင့် ငွေသားများကို ရှာဖွေတွေ့ရှိခဲ့ရသည်။
အေအက်ဖ်ပီ

No comments:

Post a Comment