Tuesday, May 29, 2018

နွေရာသီသုံးလပန်းချီသင်တန်းဆင်းကလေးများ၏ မီးအိမ်ရှင်ပန်းချီပြပွဲ ကျင်းပ

Image may contain: 1 person, outdoor
မန္တလေး မေ ၂၈
နွေရာသီ ပန်းချီ သုံးလသင်တန်းဆင်း ကလေးများ၏လက်ရာမွန်ကလေးပန်းချီများနှင့် အောင်မြေသာစံမြို့နယ် ၂၂ လမ်းရွှေပန်းမြိုင် ပရဟိတကျောင်းမှ နွေရာသီပန်းချီ သင်တန်းဆင်းကလေးပန်းချီ လက်ရာများ ပြသပွဲကို မေ ၂၆ ရက် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ မန္တလေး မြို့ အောင်မြေသာစံမြို့နယ် ၂၆ လမ်းနှင့် ၆၆ လမ်းထောင့်ရှိ
လူထုဧရိယာ၌ ကျင်းပရာ မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင်နှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ဝင်များ၊ ပန်းချီချစ်မြတ်နိုးသူများ လာရောက်ကြည့်ရှု အားပေးကြသည်။
မီးအိမ်ရှင်ကလေးပန်းချီပြပွဲတွင် နွေရာသီကလေးပန်းချီ သင်တန်းမှ ကလေးငယ် ၇၅ ဦးနှင့် ရွှေပန်းမြိုင် ပရဟိတ ကျောင်းမှ ကျောင်းသား ကျောင်းသူ ၁၈ ဦးရေးဆွဲ ထားသော ရေဆေးပန်းချီ လက်ရာ ၁၆၅ ကားပြသသည်။
အဆိုပါနွေရာသီပန်းချီသင်တန်းကို မတ် ၁ ရက်မှ မေ ၂၅ ရက်အထိ အခမဲ့သင်ကြားပေးခဲ့ပြီး အသက် ငါးနှစ်နှင့်အထက် မူလတန်း၊ အလယ်တန်းကလေးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မောင်ပြည်သူ(မန္တလေး)

No comments:

Post a Comment