Tuesday, May 29, 2018

ကားရီးရက်စ်ကို လီဗာပူးကစားသမားများ ဘာကြောင့် မနှစ်သိမ့်ခဲ့သလဲဆိုသည်ကို ဝီနန်ဒန် ထုတ်ပြောပြီ

Image may contain: one or more people and text
လီဗာပူးကစားသမားတွေအနေနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ် ပွဲသိမ်းခရာမှုတ်ပြီးချိန်မှာ ဘာကြောင့် ဂိုးသမား ကားရီးရက်စ်ကို ချက်ချင်းဆိုသလို လာရောက်နှစ်သိမ့်ခြင်း မရှိသလဲဆိုတာကို ဝီနန်ဒန်က ထုတ်ပြောလိုက်ပါပြီ။
ဝီနန်ဒန်က ''အကြီးအကျယ် စိတ်ပျက်နေကြတာပါ၊ ကျွန်တော် သူ့ကို ဘာမှမပြောခဲ့ပါဘူး၊ ဘာလို့လဲဆိုရင် လူတွေအများကြီးက သူ့ဆီကို ရောက်နေကြပြီဖြစ်သလို ဒီလိုအခြေအနေမှာ လူတွေအများကြီးလာနေတာကို မကြိုက်တာမျိုးလည်းရှိတတ်ပါတယ်''လို့ တုံ့ပြန်လိုက်ပါတယ်။
ဝီနန်ဒန်က ဆုတံဆိပ်ကို လည်တွင်မဆွဲဘဲ ချွတ်ပစ် ခဲ့သလို အကြောင်းအရာများစွာမှီတည်ပြီး အနိုင်အရှုံး ဖြစ်ပေါ်တတ်သည်က ဘောလုံးလောကတွင် အစဉ်အလာ ဖြစ်လာနေတတ်ကြောင်းသာ တွင်တွင်ပြောကြား ခဲ့ပါတယ်။
ဂျာမန်ဂိုးသမား ကားရီးရက်စ်ရဲ့ ကြီးမားတဲ့ အမှား နှစ်ရပ်ကြောင့် ရီးယဲလ်က ပွဲအပြီးမှာ သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံလိဂ်ဖလားကို သက်သောင့်သက်သာပဲ ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။ ပွဲပြီးပြီးချင်း ကားရီးရက်စ်ကို နှစ်သိမ့်ဖို့ ရောက်ရှိလာကြသူတွေက ရီးယဲလ်ကစားသမား တွေဖြစ်နေတာကြောင့် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ လီဗာပူးကစားသမားတွေကို အလွန်အကျူး ဝေဖန်ခဲ့ကြ ပါတယ်။
တွစ်တာအသုံးပြုသူတစ်ဦးက ''သနားစရာကောင်း တဲ့ ကားရီးရက်စ်ပါဗျာ၊ ဒီနေရာမှာ ငိုနေရတာပါ၊ ရီးယဲလ် ကစားသမားတွေက သူ့ကို ဖြေသိမ့်ဖို့ ရောက်ရှိလာခဲ့ပေမယ့် သူ့အသင်းက ဘယ်သူတစ်ဦးတစ်ယောက်ကမှ သူ့ကို မနှစ်သိမ့်ခဲ့ကြဘူး''လို့ ရေးသားခဲ့တာကို တွေ့ခဲ့ရပါတယ်။ ယင်းနောက် နည်းပြ ယာဂန်ကလော့ပ်နဲ့ လီဗာပူးကစား သမားအချို့က ကားရီးရက်စ်ကို လာရောက်နှစ်သိမ့်ခဲ့ကြ တာကို တွေ့ခဲ့ရပါတယ်။
နည်းပြ ယာဂန်ကလော့ပ်က ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ကားရီးရက်စ်ကို ပြစ်တင်ဖို့ ငြင်းဆန်ခဲ့သလို ဂျာမနီဂိုးသမားကြီး အိုလီဗာခန်းကလည်း ယခုပွဲစဉ် အမှားကြောင့် ကားရီးရက်စ်ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ အဆုံးသတ်သွားမှာကို စိုးရိမ်မိကြောင်း ဆိုခဲ့ပါသေးတယ်။
မေလဲ့သင်း

No comments:

Post a Comment