Tuesday, May 29, 2018

ဇီဒန်း၏ လျစ်လျူရှုခံနေရသော ဂါရတ်ဘေးလ်ကို မန်ယူအသင်း ပေါင်သန်း ၂ဝဝ အထိ တိုးမြှင့်ကမ်းလှမ်း

Image may contain: 1 person, playing a sport and outdoor
ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်တွင် ရီးယဲလ်၏ သူရဲကောင်း ဖြစ်ခဲ့သည့် ဂါရတ်ဘေးလ်ကို နည်းပြ ဇီဒန်းက ပွဲသိမ်းခရာ မှုတ်သိမ်းပြီး သုံးနာရီကျော်ကြာသည်အထိ စကား တစ်ခွန်းမျှ လာရောက်ပြောကြားခဲ့ခြင်းမရှိဟု သတင်း များထွက်ပေါ်လာပြီးနောက် မန်ယူအသင်းက ဘေးလ် အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၂ဝဝ အထိ တိုးမြှင့်လိုက်ကြောင်း သိရသည်။
မန်ယူက ပေါင်သန်း ၂ဝဝ အပြင် တစ်ပတ်လုပ်ခ ကိုလည်း ပေါင် ခြောက်သိန်းခွဲအထိ ပေးချေမည်ဟု ကမ်းလှမ်းလိုက်ခြင်းဖြစ်သည်။ ဘေးလ်ကို ဇီဒန်း လာရောက် နှုတ်ဆက်ပြီးပြီလားဟု ပွဲအပြီး သုံးနာရီအကြာ သတင်း သမားများက မေးမြန်းချိန်တွင် ဘေးလ်က ခေါင်းကို ရမ်းပြီး ''နိုး''ဟု တုံ့ပြန်ဖြေကြားသွားခဲ့သည်။
ဘေးလ်၏ ယခုလို အတည်ပြုချက်က သူတို့ နှစ်ဦးအကြား ကြီးမားသည့် ပြဿနာအစိုင်အခဲရှိနေသည်ကို ပေါ်လွင်သွားစေခဲ့ပြီး ဇီဒန်းက ပွဲထွက်ကစားသမားစာရင်း တွင် အစ္စကိုသာ နေရာပေးပြီး ဘီဘီစီ တိုက်စစ်အတွဲမှ ဘေးလ်တစ်ဦးသာ ပွဲထွက်ခွင့် ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။
ဘေးလ်ကိုယ်တိုင်ကလည်း ကြံ့ခိုင်မှုပြည့်ဝနေသည့် သူ့ကို ပွဲထွက်စာရင်းမှ အကြောင်းအမျိုးမျိုးပြ ချန်လှပ်နေ ခြင်းအတွက် သူ့အနာဂတ်ကို စဉ်းစားရတော့မည် ဖြစ်ကြောင်း ချန်ပီယံလိဂ်ပွဲအပြီးတွင် ထည့်သွင်းပြောကြား ခဲ့ရာ ဘေးလ်နှင့် ရီးယဲလ်အနာဂတ် ပိုမိုလှုပ်ခတ်လာခဲ့ ခြင်းဖြစ်သည်။ ဘေးလ်က ''ကျွန်တော့်အနေနဲ့ ရက်သတ္တပတ် တိုင်း ကစားဖို့လိုပါတယ်၊ နောက်ထပ် ဘယ်ကိုပြောင်းရွှေ့ သင့်သလဲဆိုတဲ့ အနာဂတ်ကိစ္စရပ်ကို ဒီနွေမှာ အလေး အနက်ထား စဉ်းစားရမှာဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။
ဘေးလ်၏ အေးဂျင့်ဖြစ်သူ ဂျိုနသန်ဘားနက်နှင့် ရီးယဲလ်ဥက္ကဋ္ဌ ပီရက်ဇ်တို့ လာမည့် ရက်သတ္တနှစ်ပတ်အတွင်း တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
မေလဲ့သင်း

No comments:

Post a Comment