Tuesday, May 29, 2018

နေမာကိုရရှိခဲ့မည်ဆိုပါက စီရိုနယ်လ်ဒိုအား ထွက်ခွာခွင့်ပြုမည်

Image may contain: 1 person, smiling, playing a sport and outdoor
ရီးယဲလ်မက်ဒရစ်အသင်းသည် တိုက်စစ်မှူး စီရိုနယ်လ်ဒိုအား ယခု နွေရာသီ အပြောင်းအရွှေ့ကာလအတွင်း အသင်းမှထွက်ခွာခွင့်ပြုမည် ဖြစ်သော်လည်း အပြန်အလှန်အားဖြင့် တိုက်စစ်မှူး နေမာ ရီးယဲလ် မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့လာမှသာ စီရိုနယ်လ်ဒိုကိုလည်း ပီအက်စ်ဂျီအသင်းသို့ ပြောင်းရွှေ့ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
စပိန်ကလပ် ရီးယဲလ်မက်ဒရစ်အသင်းသည် ချန်ပီယံလိဂ်နောက်ဆုံး ဗိုလ်လုပွဲတွင် ဂါရတ်ဘေးလ်ကြောင့် ချန်ပီယံဆုဖလား ရရှိခဲ့ခြင်းကြောင့် စီရိုနယ်လ်ဒိုမှာ ယခင်ကကဲ့သို့ အောင်ပွဲခံခဲ့ခြင်းမရှိဟု ဆိုထားပြီး စီရိုနယ်လ်ဒို၏အပြုအမူအပေါ် အသင်းက နှစ်လိုဖွယ်မရှိခဲ့ပေ။ အဆိုပါ ပွဲစဉ်တွင် ရီးယဲလ်မက်ဒရစ်အသင်းအတွက် အကောင်းဆုံးကစားပေးခဲ့ ကြောင်းနှင့် အရင်ကလည်း အကောင်းဆုံးကစားပေးခဲ့ကြောင်း တိုက်စစ်မှူး စီရိုနယ်လ်ဒိုက ပြောကြားခဲ့သည်။
တိုက်စစ်မှူး စီရိုနယ်လ်ဒိုသည် ရီးယဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်ကဲ့သို့ ရီးယဲလ်မက်ဒရစ်အသင်းနှင့်အတူ ချန်ပီယံလိဂ်ဆုဖလား ငါးကြိမ်အထိ ရယူပေးထားနိုင်ခဲ့သူဖြစ်ပြီး လက်ရှိ ရီးယဲလ်မက်ဒရစ် အသင်းနှင့် စာချုပ်သက်တမ်းသည်လည်း ၂ဝ၂၁ ခုနှစ်အထိ ချုပ်ဆို ထားကြောင်း သိရသည်။ ရီးယဲလ်မက်ဒရစ်အသင်းသည် ဘရာဇီး ကြယ်ပွင့် နေမာအား ခေါ်ယူရန်ဆန္ဒရှိနေဆဲဖြစ်ပြီး ပီအက်စ်ဂျီအသင်း ကမူ တိုက်စစ်မှူး နေမာကို ဘောလုံးရာသီတစ်ရာသီမက ဆက်ထိန်း ထားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
စီရိုနယ်လ်ဒိုအနေဖြင့် ၎င်း၏လက်ရှိစာချုပ်ကို ထပ်တိုးချုပ်ဆို လိုကြောင်း ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလအတွင်းက ပြောကြားခဲ့ပြီး ကမ္ဘာ့ဈေးအကြီးဆုံးကစားသမားအဖြစ် ရပ်တည်လို ကြောင်း ပြောကြားခဲ့သည်။ သို့ရာတွင် ရီးယဲလ်မက်ဒရစ်အသင်းက နေမာကို ခေါ်ယူမည်ဆိုပါက ပီအက်စ်ဂျီအသင်းကလည်း အပြန်အလှန် အားဖြင့် စီရိုနယ်လ်ဒိုကို ခေါ်ယူမည်ဆိုသည့်သတင်းများလည်း ထွက်ပေါ် လျက်ရှိကြောင်း သိရသည်။
ငွေကြယ်

No comments:

Post a Comment