Thursday, May 31, 2018

ဘယ်လာဟာဒစ်အလိုကျ ဆယ်လီနာဂိုမက်ဇ်ကို ရှောင်နေခဲ့တဲ့ သယ်ဝိခ်ကန်းဒ်

Image may contain: 5 people, people standing
ဟောလိဝုဒ်ရဲ့ ကျော်ကြားတဲ့ ကြယ်ပွင့်သုံးဦးရဲ့ အချစ်ဇာတ်လမ်းကတော့ ဟောလိဝုဒ်ပရိသတ် တွေအနေနဲ့ သိပြီးဖြစ်ပါတယ်။ ဒီတစ်ကြိမ် မှာတော့ တစ်ကျော့ပြန်လက်တွဲခဲ့ကြတဲ့ အာရန်ဘီတေးသံရှင် သယ်ဝိခ်ကန်းဒ်အနေနဲ့ ဗစ်တိုးရီးယား စီးကရက်ထ်မော်ဒယ်လ် ဘယ်လာဟာဒစ်ရဲ့အလိုကိုလိုက်ကာ နှစ်ဦးသား အတူရှိနေချိန်မှာ ချစ်သူဟောင်း ဆယ်လီနာ ဂိုမက်ဇ်နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို ရှောင်ရှားဖို့ရာ နှစ်ဦးသဘောတူထားတာ ဖြစ်တယ်လို့ အေ့စ်ရှိုးဘစ်ဇ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
တစ်ချိန်က ချစ်သူတွေအဖြစ် တစ်နှစ်ကျော် နှစ်နှစ်နီးပါးလက်တွဲခဲ့ကြတဲ့ သယ်ဝိခ်ကန်းဒ်နဲ့ ဘယ်လာဟာဒစ်တို့ဟာ ယခုနှစ် နှစ်စပိုင်းမှာ ချစ်သူတွေအဖြစ် ပြန်လည်တွေ့ဆုံနေကြောင်း သတင်းတွေ ထွက်ခဲ့ပါတယ်။ ဒါပေမယ့် တရားဝင်တွဲသွားတာမျိုး မတွေ့ခဲ့ရပါဘူး။ ပြီးခဲ့တဲ့ ကန်းစ်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာတော့ သူတို့နှစ်ဦးအတူတက်ရောက်ခဲ့တာ တွေ့ရပါတယ်။ အတူလက်တွဲကာ ပါတီပွဲတွေတက်ရောက်ခဲ့ကြတာကြောင့် နှစ်ဦးသား ချစ်သူတွေအဖြစ် ပြန်လည်လက်တွဲခဲ့ပြီဖြစ်ကြောင်း ဟောလိဝုဒ်မီဒီယာတွေက ရေးသားဖော်ပြခဲ့ကြပါတယ်။
ဒီလို နောက်တစ်ကြိမ် ချစ်သူတွေအဖြစ် ပြန်လည်လက်တွဲခဲ့ချိန်မှာတော့ လမ်းခွဲခဲ့စဉ်ကာလက သယ်ဝိခ်ကန်းဒ်နဲ့ ချစ်သူတွေဖြစ်ခဲ့ကြတဲ့ ပေါ့ပ်ကြယ်ပွင့် ဆယ်လီနာဂိုမက်ဇ်အကြောင်းကို မေ့ထားချင်ခဲ့တာ ဖြစ်ပါတယ်။ ဘယ်လာဟာဒစ်ရဲ့ သူငယ်ချင်းတွေ ပြောကြားချက်အရ စူပါမော်ဒယ်လ်ဟာ သူနဲ့ သယ်ဝိခ်ကန်းဒ်တို့နှစ်ဦးအတူရှိနေချိန်မှာ ဆယ်လီနာဂိုမက်ဇ်အကြောင်းပြောဆိုတာ၊ ဆွေးနွေးတာမျိုးတွေ မပြုလုပ်လိုကြောင်းနဲ့ သယ်ဝိခ်ကန်းဒ်ကလည်း ချစ်သူအလိုကျနေဖို့ရာ သဘောတူထားတာပါ။ ဘယ်လာဟာဒစ်ဟာ ဆယ်လီနာဂိုမက်ဇ်ရဲ့ အကြောင်းတွေကို ကြားရချိန်တိုင်း ခံစားနေရဆဲဖြစ်ကာ ဆယ်လီနာကို အတိတ်မှာသာ ထားခဲ့ချင်တာဖြစ်တယ်လို့လည်း သိရပါတယ်။
''Starboy''တေးသံရှင် သယ်ဝိခ်ကန်းဒ်ကိုယ်တိုင်ကလည်း ဆယ်လီနာဂိုမက်ဇ်ကို မေ့ပစ်ချင်ခဲ့တာ ဖြစ်ပါတယ်။ သယ်ဝိခ်ကန်းဒ်ဟာ မကြာသေးမီက တေးအယ်လ်ဘမ်သစ်တစ်ခုလုံးကို ပရိသတ်ကို ကြိုတင်ထုတ်ဖော်အသိပေးခဲ့ခြင်းမရှိဘဲ ထုတ်လွှင့်ပေးခဲ့ပါတယ်။ ယင်းတေးအယ်လ်ဘမ်မှာလည်း ဆယ်လီနာနဲ့ သူ့ရဲ့ဇာတ်လမ်းတွေကို ထည့်သွင်းရေးသားထားကာ ဆယ်လီနာအပေါ်ထားရှိတဲ့ သူ့ရဲ့ ခံစားချက်တွေကိုလည်း ထုတ်ဖော်ထားတာ တွေ့ရပါတယ်။ ဒီတေးအယ်လ်ဘမ်မှာ ပါဝင်တဲ့ တေးသီချင်းတွေကို နားထောင်ရတာဟာ ဘယ်လာအတွက်တော့ အဆင်မပြေသလို ခံစားနေရပြီး ဒါဟာ သယ်ဝိခ်ကန်းဒ်အနေနဲ့ ဆယ်လီနာနဲ့ပတ်သက်ပြီး နောက်ဆုံးပြုလုပ်ခဲ့တဲ့အရာပါ။ ရှေ့လျှောက် သယ်ဝိခ်ကန်းဒ်ဟာ ဘယ်လာဟာဒစ်ကို ပျော်ရွှင်စေမယ့်အရာတွေကိုသာ လုပ်ဆောင်သွားလိုတာဖြစ်တယ်လို့လည်း သိရပါတယ်။
အေးပြည့်

No comments:

Post a Comment