Wednesday, May 30, 2018

မကွေးတိုင်းဒေသကြီး အတွင်းရှိ ဆည်တမံများအား ကြည့်ရှုစစ်ဆေး

Image may contain: outdoor
မကွေး မေ ၂၉
မကွေးတိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးသည် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာန တည်ဆောက်ရေး(၃) ညွှန်ကြားရေးမှူး ဦးညွန့် ဌေး၊ တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသောင်း ထိုက်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မေ ၂၆ ရက်တွင် စလင်းမြို့ရှိ ဝက်သည်းကန်၊ စလင်း မြို့နယ် ခိုင်မြောင်း၊ လင်းဇင်းရေလွှဲဆည်၊ မင်းလျင် ရေသွင်းမြောင်းနှင့် စလင်းရေလှောင်တမံတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ စေတုတ္တရာမြို့နယ်ရှိ မုန်းချောင်း ရေလှောင်တမံသို့ ရောက်ရှိပြီး သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များက လိုအပ်သည်များ နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တင်ပြချက် များအပေါ် ဝန်ကြီးနှင့်အဖွဲ့က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး မုန်းချောင်းတမံ ပင်မရေပိုလွှဲ ရေကျအမှတ်(၁)၊ ရေကျအမှတ်(၂)ပြုပြင်ခြင်း လုပ်ငန်းနှင့်အကူ ရေပိုလွှဲ တည်ဆောက်ခြင်းလုပ်ငန်း တို့ကို တာဝန်ရှိသူတို့က လိုက်လံပြသ ရှင်းလင်း တင်ပြခဲ့သည်။
ထိုမှတစ်ဆင့် ပွင့်ဖြူမြို့နယ်ရှိ ကြီးအုံကြီးဝ ရေလှောင်တမံသို့ ဆက်လက်ထွက်ခွာလာရာ ကြီးအုံကြီးဝ ရေလှောင်တမံ ပင်မရေပိုလွှဲပြုပြင်ခြင်း၊ အကူရေပိုလွှဲ တိုးချဲ့တည်ဆောက်ခြင်း လုပ်ငန်းနှင့် တမံရှိစက်မှုအလုပ်ရုံတွင် စက်ယန္တရားများ ပြင်ဆင် နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး မဲဇလီရေလွှဲဆည် အင်းကုန်း ရေဆိုးထုတ်မြောင်းနှင့် မဒဲအင်းရိုးရေဆိုးထုတ်မြောင်းများ မိုးမကျမီပြင်ဆင်ဆောင်ရွက် ထားရှိမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

No comments:

Post a Comment