Wednesday, May 30, 2018

သင်ယူသူဗဟိုပြု ချဉ်းကပ်သင်ယူနည်း အသုံးပြုမည်

Image may contain: 14 people, people smiling, people standing
ချမ်းအေးသာစံ မေ ၂၉
မန္တလေးတိုင်းဒေသကြီး ၂ဝ၁၈ - ၂ဝ၁၉ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၂၉ ရက် နံနက် ၈ နာရီက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အမှတ် (၁၄)အခြေခံပညာအထက်တန်းကျောင်း ပန်းမျိုး တစ်ရာခန်းမ၌ ကျင်းပသည်။
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ကျောင်းနေအရွယ်ကလေးများ အားလုံး အခမဲ့ပညာသင်ယူခွင့်ရရှိစေရေးနှင့် လူတိုင်း အကျုံးဝင်ပညာရေးအားကောင်းလာစေရန် ပံ့ပိုးပေးခြင်း များဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်း မော်ထွန်းက သင်ရိုးသစ်တွင် ကျောင်းသားများ၏ဘက်စုံ ဖွံ့ဖြိုးမှုကိုဦးတည်ပြီး သင်ကြားသင်ယူမှုစနစ်မှာလည်း သင်ယူသူဗဟိုပြုချဉ်းကပ်သင်ယူနည်းကို အသုံးပြုမည် ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူများကိုယ်တိုင် စူးစမ်း ရှာဖွေစဉ်းစား လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် သင်ယူမှု အခွင့်အလမ်းများပေးမည့် သင်ရိုးညွှန်း တမ်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့သည် ပြဋ္ဌာန်းစာအုပ်၊ ကျောင်းဝတ်စုံ တို့ကို ကျောင်းသား ကျောင်းသူများအား ပေးအပ်ပြီး အတန်းအလိုက် ကျောင်းအပ်နှံနေမှုများကို လှည့်လည် ကြည့်ရှုအားပေးကြသည်။
သီဟကိုကို(မန္တလေး)

No comments:

Post a Comment