Wednesday, May 30, 2018

ပဲခူးတိုင်းဒေသကြီးကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

Image may contain: one or more people and crowd
ပဲခူး မေ ၂၉
ပဲခူးတိုင်း ဒေသကြီး ၂ဝ၁၈-၂ဝ၁၉ ပညာ
သင်နှစ် ကျောင်းအပ်နှံ ရေးနေ့ အခမ်းအနား
ကို မေ ၂၉ ရက် နံနက် ၉
နာရီတွင် ပဲခူးမြို့တော် ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း
က 'ပညာရေးဖြင့် ခေတ်မီ
ဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကြီး တည် ဆောက်အံ့' ဟူသော နိုင်ငံတော်၏ ပညာရေး
ဆောင်ပုဒ်နှင့်အညီ လူ
တိုင်း ပညာတတ်မှ လူတိုင်းပညာရှိမှ
အေးချမ်းသာယာပြီး ခေတ်မီတိုးတက်
သော နိုင်ငံတော်ကြီးတည်ဆောက်နိုင်မှာ
ဖြစ်ကြောင်း၊ လူတိုင်းပညာတတ်ရေး၊ ပညာရှိရေးအတွက် အရွယ်သုံးပါးမှ ပထမ
အရွယ်ဖြစ်သော ကျောင်းနေအရွယ်
ကလေးများ ပညာရှာရန်အတွက်
ကျောင်းသို့ရောက် ရှိရန်
လိုအပ်ကြောင်း၊ ကျောင်းနေအရွယ်
ကလေးအားလုံး ကျောင်းသို့ရောက်ရှိရန် ပညာရေးဌာန တစ်ခုတည်း လုပ်ဆောင်၍
မရဘဲ အစိုးရ၊လူမှုရေးအဖွဲ့အစည်း၊ မိဘ
ပြည်သူ၊ ဆရာ၊ ကျောင်းသား ပူးပေါင်း
ဆောင်ရွက်မှုသည် အရေးပါသောကဏ္ဍမှ
ပါဝင်နေကြောင်း ပြောကြားသည်။
ယင်းနောက် ဌာနဆိုင်ရာများ၊ လူမှုရေး
အဖွဲ့အစည်းများ၊ စေတနာရှင်များက ကျောင်းသုံးစာအုပ်၊ စာရေးကိရိယာ၊ ကျောင်းဝတ်စုံနှင့် အလှူငွေများအား
တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးနှင့် ဆရာကြီး၊
ဆရာမကြီးများထံ ပေးအပ်လှူဒါန်းကြ သည်။
အခမ်းအနားသို့ ဝန်ကြီးချုပ်၊ လွှတ် တော်ဥက္ကဋ္ဌ၊ တရားသူကြီးချုပ်၊ ဥပဒေချုပ်၊
ဝန်ကြီးများ၊ အခြေခံပညာဦးစီးဌာန၊
လေ့လာဆန်းစစ် အကဲဖြတ်ရေးအဖွဲ့၊
ညွှန်ကြားရေးမှူးချုပ်ဒေါက်တာညွန့်ဖေ၊
ပဲခူးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဌာန
ဆိုင်ရာများ၊ တိုင်းဒေသကြီးပညာရေး
ညွှန်ကြားရေးမှူးနှင့် ဆရာ ဆရာမများ၊
ကျောင်းသား ကျောင်းသူများ၊ မိဘများ၊
လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များ တက်ရောက်ကြသည်။
ပဲခူးတိုင်းဒေသကြီး၏ ၂ဝ၁၈-
၂ဝ၁၉ ပညာသင်နှစ်အတွင်း အထက်တန်း
ကျောင်း ၃၁ ကျောင်း၊ အလယ်တန်းကျောင်း
၁၄၁ ကျောင်း၊ မူလတန်းကျောင်း ၇၆ ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) ၃၅
ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) ၅၉
ကျောင်း၊ မူလွန်ကျောင်း ၄၉ ကျောင်း၊
မူလတန်းကျောင်း(ခွဲ) ၃၉ ကျောင်း စုစု
ပေါင်း ကျောင်း ၄၃ဝ တို့အား ကျောင်း
အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ပြုပေးခဲ့ကြောင်း
သိရသည်။
တင်စိုး(ပဲခူး)

No comments:

Post a Comment