Tuesday, May 29, 2018

လီဗာပူးအသင်းက ကားရီးရက်စ်နေရာအစားထိုးရန် အဲလစ်ဆင်အား ခေါ်ယူမည်

Image may contain: 1 person, standing and outdoor
လီဗာပူးအသင်းသည် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ် ပွဲစဉ်တွင် ဂိုးပေါက်ကန်သွင်းမှုများကို မကာကွယ်နိုင်ခဲ့သည့် ဂိုးသမား ကားရီးရက်စ်နေရာတွင် အစားထိုးရန် ရိုးမားဂိုးသမား အဲလစ်ဆင်အား ခေါ်ယူလိုကြောင်း ပြောကြားခဲ့သည်။
အဆိုပါပွဲစဉ်တွင် လီဗာပူးအသင်းက သုံးဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရာတွင် နှစ်ဂိုးမှာ ဂိုးသမား ကားရီးရက်စ်၏ အမှားကြောင့်သာ ပေးခဲ့ရခြင်းဖြစ်ခြင်းကြောင့် ၎င်းနေရာတွင် အစားထိုးရန် ရိုးမားဂိုးသမား အဲလစ်ဆင်နှင့် အက်သလက်တီကို မက်ဒရစ်ဂိုးသမား ဂျန်အိုဘလက်တို့ကို ပစ်မှတ်ထားလျက်ရှိသည်။
လီဗာပူးအသင်းတွင် ဂိုးသမား မစ်ဂ်နိုလက်နေရာတွင် ကားရီးရက်စ်ကို ပထမဦးစားပေး ဂိုးသမားအဖြစ် သတ်မှတ်ခဲ့သော်လည်း လက်ရှိတွင်မူ ကာရီးယပ်အနေဖြင့် ကျောနံပါတ် တစ်ဂျာစီကို ဝတ်ဆင်ကစားခွင့်ရရှိရန်အတွက်မူ ထိပ်တန်းအဆင့်ရှိ အသင်းတစ်သင်းသို့ ပြောင်းရွှေ့ရမည့်အနေအထားတွင် ရောက်ရှိနေကြောင်း သိရသည်။
လီဗာပူးအသင်းသည် ဘရာဇီးကြယ်ပွင့် အဲလစ်ဆင်အား ခေါ်ယူရန်အတွက် လီဗာပူး အသင်းနှင့် ရိုးမားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ် ကတည်းက စောင့်ကြည့်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် လီဗာပူးအသင်းသည် ဆောက်သမ်တန်အသင်းဂိုးသမား မက်ကာသီအား ခေါ်ယူရန် စိတ်ဝင်စားခဲ့သော်လည်း လီဗာပူးအသင်းနှင့် ဆောက်သမ်တန်အသင်းတို့၏ ဆက်ဆံရေးအခြေအနေကြောင့် အဲလစ်ဆင်နှင့် ဂျန်အိုဘလက်တို့ကို ပစ်မှတ်ထားလာခဲ့ ခြင်းဖြစ်သည်။
ငွေကြယ်

No comments:

Post a Comment