Thursday, May 31, 2018

ကက်ရှ်မီးယားဒေသ တည်ငြိမ်အေးချမ်းရေး ပါကစ္စတန်နှင့် အိန္ဒိယတပ်မှူးကြီးများ သဘောတူညီ

Image may contain: 1 person, tree, sky and outdoor
နယူးဒေလီ မေ ၃ဝ
ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံတို့မှ စစ်ဘက်ဆိုင်ရာ တပ်မှူးကြီးများသည် ၂ဝဝ၃ ခုနှစ်တွင် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ရပ်ကို အပြည့်အဝအကောင်အထည်ဖော်ရန် သဘောတူညီခဲ့ကြကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက မေ ၃ဝ ရက်တွင် သတင်းထုတ်ပြန်သည်။
ပြိုင်ဘက်နိုင်ငံများဖြစ်ကြသော ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံတို့မှ စစ်ဆင်ရေးလုပ်ငန်းများဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များသည် ပိုင်နက် အငြင်းပွားနေသော ကက်ရှ်မီးယားဒေသကို ပိုင်းခြားထားသည့် ထိန်းချုပ်ရေး မျဉ်းကြောင်းတစ်လျှောက် တင်းမာမှုလျှော့ချနိုင်ရန် ရည်ရွယ်လျက် သဘော တူညီချက်တစ်ရပ်ကို ရယူခဲ့ကြသည်။
ယခုနှစ်ဆန်းပိုင်းမှစ၍ ထိန်းချုပ်ရေးမျဉ်းကြောင်းတစ်လျှောက် နယ်စပ် ဖြတ်ကျော်ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သားဒါဇင်ပေါင်းများစွာနှင့် စစ်သည်အချို့ သေဆုံးရသည့်ဖြစ်ရပ်များ ဖြစ်ပွားခဲ့သည်။
နှစ်နိုင်ငံမှ စစ်ဆင်ရေးလုပ်ငန်းများဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များသည် အရေးပေါ် တယ်လီဖုန်းလိုင်းမှတစ်ဆင့် ဆက်သွယ်ခဲ့ကြပြီး ကက်ရှ်မီးယားဒေသ ၌ တည်ငြိမ်အေးချမ်းမှု ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် သဘော တူညီခဲ့ကြသည်။ မိမိတို့ နှစ်နိုင်ငံအကြား ၂ဝဝ၃ ခုနှစ် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အပြည့်အဝ အကောင်အထည်ဖော်ရန် သဘောတူညီခဲ့ ကြကြောင်း နှစ်နိုင်ငံတပ်မတော်တို့က ပူးတွဲထုတ်ပြန်သည့် ကြေညာချက်တစ်ရပ် တွင် ဖော်ပြသည်။
အေအက်ဖ်ပီ

No comments:

Post a Comment