Thursday, May 31, 2018

ဂါဇာကမ်းမြောင်ကို အစ္စရေး၏ရေကြောင်းပိတ်ဆို့မှုပါလက်စတိုင်းတို့က လှေများစီးနင်း၍ ကန့်ကွက်ဆန္ဒပြ

Image may contain: ocean, sky, outdoor, water and nature
ဂါဇာစီးတီး(ပါလက်စတိုင်းနယ်မြေ) မေ ၃ဝ
ဂါဇာကမ်းမြောင်ဒေသအား အစ္စရေးက ရေကြောင်းမှပိတ်ဆို့ထားမှုကို ပါလက်စတိုင်းများက လှေများစီးနင်း၍ ကန့်ကွက်ဆန္ဒပြမှုကို မေ ၂၉ ရက်တွင် စတင်ပြုလုပ်ခဲ့ကြောင်း၊ အစ္စရေးဆန့်ကျင်ရေး အုံကြွမှုများ ရက်သတ္တပတ်ပေါင်း များစွာ ဖြစ်ပွားခဲ့ပြီး ဂါဇာကမ်းမြောင်ဒေသဘက်မှ အစ္စရေးပိုင်နက်အတွင်းသို့ မေ ၂၉ ရက်အစောပိုင်းတွင် စိန်ပြောင်းများဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ယင်းသို့ရေကြောင်းမှ ဆန့်ကျင်ဆန္ဒပြမှုဖြစ်ပေါ်လာကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက မေ ၃ဝ ရက်တွင် သတင်းထုတ်ပြန်သည်။
ဂါဇာစီးတီးရှိ ပင်လယ်ငါးဖမ်းသမားတို့၏ ရေဆိပ်မှလှေကြီးတစ်စင်းပေါ် တွင် ပါလက်စတိုင်းဆန္ဒပြသမား ၂ဝ ဝန်းကျင် လိုက်ပါခဲ့ပြီး ယင်းလှေကြီးကို လှေငယ်များခြံရံ၍ ထွက်ခွာသွားကြောင်း အေအက်ဖ်ပီသတင်းထောက်က သတင်းပေးပို့သည်။
လှေစီးဆန့်ကျင်ဆန္ဒပြသူအချို့က ၎င်းတို့အား ခွင့်ပြုထားသည့် အကွာ အဝေးဖြစ်သော ကမ်းရိုးတန်းမှ ၁၆ ကီလိုမီတာ အကွာအဝေးထက် ကျော်လွန် ကာ ဆန္ဒပြခြင်းရှိ၊ မရှိ အတိအကျမသိရပေ။
၎င်းတို့သည် အစ္စရေး၏ရေကြောင်းမှ ပိတ်ဆို့မှုကို ချိုးဖောက်ခြင်း ရှိ၊ မရှိ အငြင်းပွားပြောဆိုမှုများရှိနေသည်။ ယင်းရေကြောင်းဆန္ဒပြမှုအပေါ် အစ္စရေးစစ်ဘက်က မည်သို့တုံ့ပြန်မည်ကို မှတ်ချက်ပြုပြောကြားခြင်း မရှိပေ။
အေအက်ဖ်ပီ

No comments:

Post a Comment