Thursday, May 31, 2018

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ အကြံပေး ကင်ယောင်ချို နယူးယောက်မြို့သို့ ထွက်ခွာ

Image may contain: 2 people, hat and closeup
ပြုံယမ်း မေ ၃ဝ
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ အနီးကပ် အကြံပေးဖြစ်သူ ကင်ယောင်ချိုသည် အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေးအတွက် ကြိုတင် ပြင်ဆင်မှုများလုပ်ဆောင်ရန် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့သို့ ယနေ့ထွက်ခွာခဲ့ကြောင်း သတင်းများ အရ သိရသည်။
ကိုရီးယားအလုပ်သမားပါတီ ဗဟိုကော်မတီ၏ ဒုတိယဥက္ကဋ္ဌ ကင်ယောင်ချိုသည် မေ ၃ဝ ရက်တွင် တရုတ် နိုင်ငံ ပေကျင်းမြို့မှ နယူးယောက်မြို့သို့ ထွက်ခွာသွားခဲ့ သည်။
နယူးယောက်မြို့တွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပီယိုနှင့်တွေ့ဆုံမည်ဖြစ်ကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဆာယာဆန်းဒါးစ်က ဆိုသည်။
အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးအစည်း အဝေးကျင်းပနိုင်ရေးတွင် ကင်ယောင်ချိုသည် အဓိက စေ့စပ်ညှိနှိုင်းမည့်သူတစ်ဦး ဖြစ်နိုင်ဖွယ်ရှိကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဆာယာဆန်းဒါးစ်က ပြောကြားခဲ့သည်။
ကင်ယောင်ချိုသည် မေ ၂၉ ရက်တွင် ပြုံယမ်းမှ ပေကျင်းမြို့သို့ ရောက်ရှိခဲ့ပြီး မေ ၃ဝ ရက်တွင် ပေကျင်း မြို့မှ နယူးယောက်မြို့သို့ ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။
နယူးယောက်မြို့ခရီးစဉ်အတွင်း သတင်းထောက် များ၏ မေးမြန်းချက်များကို ကင်ယောင်ချိုက မည်သည့် မှတ်ချက်ပြောစကားကိုမျှ ပြောကြားခဲ့ခြင်းမရှိပေ။
ကင်ယောင်ချိုသည် ၂ဝဝဝ ပြည့်နှစ်ကစပြီး အမေရိကန် ပြည်ထောင်စုသို့ ပထမဆုံးအလည်အပတ်ရောက်ရှိသည့် မြောက်ကိုရီးယားထိပ်တန်းအရာရှိတစ်ဦး ဖြစ်လိမ့်မည်။ သူသည် အမေရိကန်အစိုးရအဖွဲ့၏ စောင့်ကြည့်စာရင်းတွင် ပါရှိသည်။ သို့သော် ယခုတစ်ကြိမ်တွင် သူ့အားအထူးခွင့်ပြု ချက်ဖြင့် ပြည်ဝင်ခွင့်ပေးမည်ဖြစ်ကြောင်း ပြည်ပရေးရာဌာန ပြောရေးဆိုခွင့်ရှိသူ ဟီတာနေယုထ်က ပြောကြားခဲ့ သည်။
အင်န်အိတ်ခ်ျကေ

No comments:

Post a Comment