Thursday, May 31, 2018

ရေစကြိုမြို့နယ်တွင် ကုန်းတွင်းမုန်တိုင်းငယ်ကြောင့်ကားလမ်းနှင့် ကျေးရွာလမ်းများ ရေကျော်

Image may contain: one or more people and outdoor
ရေစကြို မေ ၃ဝ
မေ၂၉ ရက်တွင် ဖြစ်ပေါ်ခဲ့သော ကုန်းတွင်းမုန်တိုင်းငယ်ကြောင့် မကွေးတိုင်းဒေသကြီး ရေစကြို မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုများမရှိသော်လည်း အဆိုပါ နံနက်ပိုင်းမှစတင်၍ ညပိုင်းအထိ မိုးအဆက်မပြတ်ရွာသွန်းကာ ကျေးရွာချင်းဆက်ကားလမ်းများ ရေကျော်ခြင်းများ ဖြစ်ပေါ်ခဲ့ သည်။ ထို့ကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်နှင့်တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီး မှူး ဦးညီညီအောင်နှင့် တပ်ဖွဲ့ဝင်များက ပြည်သူများသွားလာရေး အဆင်ပြေစေရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
စန်းယုမော်(ပြန်/ဆက်)

No comments:

Post a Comment